လေဖြတ်နေတဲ့သမီးကိုတံမြက်စည်းရောင်းပြီးရှာကျွေးနေရှာတဲ့ ၈၆ နှစ်အမေကြီးကိုကူညီပေးကြပါ
Posted on
လေဖြတ်နေတဲ့ သမီးကို တံမြက်စည်းရောင်းပြီး ရှာကျွေးနေရှာတဲ့ ၈၆ နှစ်အမေကြီးကို ကူညီပေးကြပါ
လောကမှာ ငွေကအဓိကတဲ့…အလုံးစုံမမှန်ပေမဲ့ စားဝတ်နေရေးအတွက်တော့ ငွေက အလွန်အရေးကြီးတာပါ…ဒါကြောင့်လည်း မိမိအရွယ်ကိုမမှုဘဲ ဇရာကိုအံတုလို့ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတဲ့ ၈၆ နှစ်အရွယ် အဘွားတစ်ယောက်ရဲ့ အဖြစ်အပျက်လေးကို ပရိသတ်ကြီးတို့ သိရှိကူညီနိုင်အောင် အောက်မှာ မျှဝေလိုက်ရပါတယ်…
“အပြင်မှာ တံမျက်စည်းလည်ရောင်းနေတဲ့ အသံကြားလို့ ဝယ်မလို့ လှမ်းခေါ်လိုက်တဲ့အခါမှာတော့ ချိနဲ့နဲ့အားအင်နဲ့ တံမျက်စည်း အစည်းကို ရွက်ပြီးဝင်လာတဲ့ အမယ်အိုတစ်ယောက်ကို တွေ့လိုက်တယ်။
ရင်ထဲ မကောင်းလိုက်တာ။ ဒီလောက် နေပူပူမှာ မောနေရှာမှာပဲ ဆိုတဲ့ စိတ်နဲ့ အအေးလေးတိုက်ပြီး မေးကြည့်လိုက်တော့။
အမေကြီးအသက်က ၈၆နှစ်တဲ့ သမီးတစ်ယောက်ရှိတယ်လေဖြတ်နေတဲ့သမီးကို တံမြတ်စည်းရောင်းပြီးရှာကျွေးနေတာတဲ့။ဒီအသက်အရွယ်ရောက်နေတာတောင်အလွယ်လမ်းမလိုက်ဘဲကောင်းရောင်းကောင်းဝယ်လုပ်စားလို့တကယ်လဲလေးစားမိပါအမေရယ်….
အဲ့အမေတွေ့ရင်အားပေးလိုက်ကြပါအုံးရှင်…တံမြတ်စည်းတစ်ချောင်းကိုမှ၁၅၀၀နဲ့ရောင်းပါတယ်…. ထားဝယ်သူတဲ့….ယောကျ်ားကလဲဆုံးပြီ…ထားဝယ်ကိုပြန်ချင်တယ်တဲ့ …
ပြန်ဖို့မပြောပါနဲ့ကွယ်စားဖို့တောင် ဒီအသက်အရွယ်နဲ့ရုန်းကန်နေရတာအမေ့ကိုကူညီတဲ့သူလေးတွေရှိစေချင်တယ်….
တူကကျူရှင်ဆရာအမေ့ကိုမထောက်ပံ့နိူင်ပါဘူးတဲ့…. ရင်ထဲမကောင်းလိုက်တာ….လှုပ်လုပ်လှုပ်လုပ် နဲ့ဖြေးဖြေးလေလျှောက်ပြီး ထွက်သွားအမေ့ပုံကိုကြည့်ပြီးစိတ်ထဲမကောင်းပါဘူး….
အမေကိုလှူချင်တဲ့သူတွေလှူလို့ရအောင်အမေ့လိပ်စာလေးမေးပေးထားပါတယ်….
အမှတ်၄၇ ၊၇ရပ်ကွက် မြောက်ဒဂုံကပါ….တံမြတ်စည်းရောင်းတဲ့အမေဆိုလူတိုင်းသိတယ်တဲ့…. အမေ့ကိုထားဝယ်ပြန်လို့ရအောင်ကူညီပေးကြပါအုံးနော်…ဒီပို့လေးကိုshareပေးရင်ကုသိုလ်လေးယူကြရအောင်နော်…..”
ဒါကြောင့် ဒီအသက်အရွယ်ထိ ဘဝကို ရုန်းကန်နေရတဲ့ အမေအိုကြီးရဲ့ ဆန္ဒလေးကို တတ်နိုင်သူတွေ ကူညီပေးကြပါနော်…. လေးစားစွာဖြင့် ခရက်ဒစ် မူရင်း
Zawgyi
အဲ့အမေတွေ့ရင်အားပေးလိုက်ကြပါအုံးရှင်…တံမြတ်စည်းတစ်ချောင်းကိုမှ၁၅၀၀နဲ့ရောင်းပါတယ်…. ထားဝယ်သူတဲ့….ယောက်ျားကလဲဆုံးပြီ…ထားဝယ်ကိုပြန်ချင်တယ်တဲ့ …
တူကကျူရှင်ဆရာအမေ့ကိုမထောက်ပံ့နိုင်ပါဘူးတဲ့…. ရင်ထဲမကောင်းလိုက်တာ….လှုပ်လုပ်လှုပ်လုပ် နဲ့ဖြေးဖြေးလေလျှောက်ပြီး ထွက်သွားအမေ့ပုံကိုကြည့်ပြီးစိတ်ထဲမကောင်းပါဘူး….