နေ့ညမပြတ်အလှူကိစ္စတွေနဲ့ လုံးပန်းနေရပြီးနောက်နေမကောင်းလို့ဆေးခန်းရောက်နေတဲ့ စမိုင်းလ်

Posted on

ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ပွေ့တစ်ပိုက်ကြီး ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက် ထားနိုင်သူတစ်ယောက်ပါ။ အမြဲတမ်းလိုလို သဒ္ဒါတရားလှူဒါန်းလိုစိတ်ရှိပြီး လူတိုင်းကို လည်း ကူညီချင်တဲ့ စိတ်ထားလေးကြောင့် အားလုံးကချစ်နေရတာပါ။မနေ့ကလည်း သူမရဲ့ပရိသတ်အယောက် (၁၅၀၀) ကို ရွှေတိဂုံ၊ကျိုက်ထီးရိုးအဓိဌာန် ကို စရိတ်ငြိမ်း ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ရဲ့ အလှူတွေကို သာဓုအနုမောဓနာ ခေါ်ဆိုနေကြတာပါ။ သူမရဲ့ အလှူပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Myday တွင် ” အလှူလည်း အပြီး လူလည်း ” ဆိုပြီး ပုံလေးတစ်ပုံ တင်ထားတာပါ။ ပရိသတ်တွေကလည်း စမိုင်းလ်ရဲ့ ကျန်းမာရေးကို စိုးရိမ်ပေးနေကြတာပါ။ ပရိသတ်တွေအတွက် နေ့ညမပြတ်အလှူအတွက်လုံးပန်းပြီးနောက် နေမကောင်းဖြစ်ကာဆေးခန်းတွင်ကုသမှုခံယူနေရတဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။