နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့နဲ့အတူတူရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုတဲ့ အက်စတာ

Posted on

Myanmar Idol Season (4)ရဲ့ Winner ဆုရှင် အက်စတာကတော့ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလိုဖျော်ဖြေနေရပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ စတင်ရပ်တည်နေပြီပဲဖြစ်ပါတယ်။အက်စတာကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းခံနေရတာတွေလည်း ရှိနေပါသေးတယ်။အက်စတာကတော့ သရုပ်ဆောင်ဘက်ကို ကြိုးစားကြည့်ချင်ပေမဲ့လည်း သရုပ်ဆောင်တတ်တဲ့အထဲမှာမပါတာကတစ်ကြောင်း၊ ချင်းစကားတောင်မနည်းသင်နေရပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် မြန်မာစကားကို အရမ်းကျွမ်းကျွမ်းကျင်ကျင်မပြောတတ်တာကြောင့် သူနဲ့ အတူတူ ရိုက်တဲ့ မင်းသားတွေမူးလဲသွားမှာစိုးလို့ ရုပ်ရှင်ကတော့ မရိုက်ဖြစ်သေးဘူးလို့လည်း ဆိုထားပါတယ်။သရုပ်ဆောင်အလုပ်ကို လုံးဝမလုပ်တာမျိုးတော့မဟုတ်ဘဲ အဆိုတော်အလုပ်ကို ပစ်မှတ်ထားလုပ်ချင်တာဖြစ်ပြီး ကိုယ့်သီချင်းမှာသရုပ်ဆောင်တာကိုတော့လုပ်သွားမှာပါလို့လည်း သိရပါတယ်။သရုပ်ဆောင်လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အက်စတာက မင်းသားတွေကို အကုန်ကြိုက်ပြီး သရုပ်ဆောင်ခွင့် ရမယ်ဆိုရင်တော့ နေတိုး၊ ဇဏ်ခီ၊ ဒေါင်း၊ ပိုင်တံခွန်တို့(၄)ယောက်နဲ့ရိုက်ချင်ပါတယ်လို့လည်း ဖြေကြားလာခဲ့ပါတယ်။ပရိသတ်ကြီးတွေရော အက်စတာကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်ကိုင်တာကို မြင်ချင်နေကြပြီလား။

Chilli – CeleGabar
Source – Exclusive On CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

Myanmar Idol Season (4)ရဲ႕ Winner ဆုရွင္ အက္စတာကေတာ့ လက္ရွိမွာ ေဖ်ာ္ေျဖေရးပြဲေတြကို ဆက္တိုက္ဆိုသလိုေဖ်ာ္ေျဖေနရၿပီး ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ စတင္ရပ္တည္ေနၿပီပဲျဖစ္ပါတယ္။အက္စတာကေတာ့ အဆိုေတာ္တစ္ေယာက္အျပင္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္ကူးဖို႔ ကမ္းလွမ္းခံေနရတာေတြလည္း ရွိေနပါေသးတယ္။

အက္စတာကေတာ့ သ႐ုပ္ေဆာင္ဘက္ကို ႀကိဳးစားၾကည့္ခ်င္ေပမဲ့လည္း သ႐ုပ္ေဆာင္တတ္တဲ့အထဲမွာမပါတာကတစ္ေၾကာင္း၊ ခ်င္းစကားေတာင္မနည္းသင္ေနရၿပီး တိုင္းရင္းသားျဖစ္တဲ့အတြက္ ျမန္မာစကားကို အရမ္းကြၽမ္းကြၽမ္းက်င္က်င္မေျပာတတ္တာေၾကာင့္ သူနဲ႔ အတူတူ ႐ိုက္တဲ့ မင္းသားေတြမူးလဲသြားမွာစိုးလို႔ ႐ုပ္ရွင္ကေတာ့ မ႐ိုက္ျဖစ္ေသးဘူးလို႔လည္း ဆိုထားပါတယ္။သ႐ုပ္ေဆာင္အလုပ္ကို လုံးဝမလုပ္တာမ်ိဳးေတာ့မဟုတ္ဘဲ အဆိုေတာ္အလုပ္ကို ပစ္မွတ္ထားလုပ္ခ်င္တာျဖစ္ၿပီး ကိုယ့္သီခ်င္းမွာသ႐ုပ္ေဆာင္တာကိုေတာ့လုပ္သြားမွာပါလို႔လည္း သိရပါတယ္။

သ႐ုပ္ေဆာင္လုပ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အက္စတာက မင္းသားေတြကို အကုန္ႀကိဳက္ၿပီး သ႐ုပ္ေဆာင္ခြင့္ ရမယ္ဆိုရင္ေတာ့ ေနတိုး၊ ဇဏ္ခီ၊ ေဒါင္း၊ ပိုင္တံခြန္တို႔(၄)ေယာက္နဲ႔႐ိုက္ခ်င္ပါတယ္လို႔လည္း ေျဖၾကားလာခဲ့ပါတယ္။ပရိသတ္ႀကီးေတြေရာ အက္စတာကို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာအလုပ္ေတြလုပ္ကိုင္တာကို ျမင္ခ်င္ေနၾကၿပီလား။

Chilli – CeleGabar
Source – Exclusive On CeleGabar