ချစ်သူများနေ့မှာ ပရိသတ်တွေကို Surprise လုပ်ပြီး ချစ်သူနဲ့ပုံတွေချပြလိုက်တဲ့ မထက်

Posted on

မထက် လို့ နာမည်ကြားလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Makeup Artist တစ်ဦးဆိုတာ တော်တော်များများ သိကြမှာပါ။ မထက်ဟာ လိင်ပြောင်းထားတဲ့ LGBT တစ်ဦးဖြစ်ပြီးတော့ မိတ်ကပ် Artist တစ်ဦးအဖြစ် သူမရဲ့ အသက်မွေးဝမ်းကျောင်းဖြင့် ရပ်တည်နေတာဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးတွေ အတော်များများဟာ မထက်ရဲ့ အလှအပ ပြင်ဆင်မှုအောက်မှာ ခြယ်သခံကြပြီး သတို့သမီးလောင်းအတော်များများရဲ့ စိတ်ကူးထဲက မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မထက်ဟာ မိတ်ကပ်ဖန်တီးသူတစ်ဦးဖြစ်ရုံမက ရုပ်ရှင်ကားတွေလည်း ရိုက်ကူးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ မိတ်ကပ် လင်းလင်း၊ ညီညီမောင်စမ်းချောင်းတို့နဲ့အတူ ရုပ်ရှင်တစ်ကားရိုက်ကူးထားပြီးပါပြီ။ မထက်ဟာ လိင်ပြောင်းထားသူတစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပပြေပြစ်မှုတွေက မိန်းကလေးအစစ်တစ်ဦးကဲ့သို့ ပိုင်ဆိုင်ထားရှိခြင်းပဲဖြစ်ပါတယ်။ ဆံနွယ်ရှည်တွေနဲ့အတူ မြင့်မားတဲ့အရပ် ဖြူဖွေးနေတဲ့အသားအရည်လေးတွေဟာ သူမကိုယ် ပိုပြီးလှပစေပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် အသည်းကွဲနေတဲ့ အနစ်နာခံဖြစ်တဲ့အကြောင်းတွေသာ အမြဲပြောလေ့ရှိတဲ့ မထက်က သူမရဲ့ ချစ်သူနဲ့ပုံတွေကို ချစ်သူများနေ့မှာ Surprise လုပ်ပြီး ချပြလိုက်တာဖြစ်ပါတယ်။ စုံတွဲပုံလေးတွေကို ချစ်သူများနေ့မှာချပြမယ်လို့လည်း ကြိုတင်အသိပေးထားခဲ့တဲ့ မထက်တို့ချစ်သူနှစ်ဦးရဲ့ပုံလေးတွေကို ပရိသတ်ကြီး ကြည့်ရှုပေးကြပါဦးနော်။

Cele Star

Zawgyi

မထက္ လို႔ နာမည္ၾကားလိုက္တာနဲ႔ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း Makeup Artist တစ္ဦးဆိုတာ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။

မထက္ဟာ လိင္ေျပာင္းထားတဲ့ LGBT တစ္ဦးျဖစ္ၿပီးေတာ့ မိတ္ကပ္ Artist တစ္ဦးအျဖစ္ သူမရဲ႕ အသက္ေမြးဝမ္းေက်ာင္းျဖင့္ ရပ္တည္ေနတာျဖစ္ပါတယ္။ နာမည္ႀကီးမင္းသမီးေတြ အေတာ္မ်ားမ်ားဟာ မထက္ရဲ႕ အလွအပ ျပင္ဆင္မႈေအာက္မွာ ျခယ္သခံၾကၿပီး သတို႔သမီးေလာင္းအေတာ္မ်ားမ်ားရဲ႕ စိတ္ကူးထဲက မိတ္ကပ္ပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

မထက္ဟာ မိတ္ကပ္ဖန္တီးသူတစ္ဦးျဖစ္႐ုံမက ႐ုပ္ရွင္ကားေတြလည္း ႐ိုက္ကူးတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ မိတ္ကပ္ လင္းလင္း၊ ညီညီေမာင္စမ္းေခ်ာင္းတို႔နဲ႔အတူ ႐ုပ္ရွင္တစ္ကား႐ိုက္ကူးထားၿပီးပါၿပီ။

မထက္ဟာ လိင္ေျပာင္းထားသူတစ္ဦးျဖစ္ေနေပမယ့္ သူမရဲ႕ လွပေျပျပစ္မႈေတြက မိန္းကေလးအစစ္တစ္ဦးကဲ့သို႔ ပိုင္ဆိုင္ထားရွိျခင္းပဲျဖစ္ပါတယ္။ ဆံႏြယ္ရွည္ေတြနဲ႔အတူ ျမင့္မားတဲ့အရပ္ ျဖဴေဖြးေနတဲ့အသားအရည္ေလးေတြဟာ သူမကိုယ္ ပိုၿပီးလွပေစပါတယ္။

အခ်စ္ေရးနဲ႔ပတ္သက္လာရင္ အသည္းကြဲေနတဲ့ အနစ္နာခံျဖစ္တဲ့အေၾကာင္းေတြသာ အၿမဲေျပာေလ့ရွိတဲ့ မထက္က သူမရဲ႕ ခ်စ္သူနဲ႔ပုံေတြကို ခ်စ္သူမ်ားေန႔မွာ Surprise လုပ္ၿပီး ခ်ျပလိုက္တာျဖစ္ပါတယ္။

စုံတြဲပုံေလးေတြကို ခ်စ္သူမ်ားေန႔မွာခ်ျပမယ္လို႔လည္း ႀကိဳတင္အသိေပးထားခဲ့တဲ့ မထက္တို႔ခ်စ္သူႏွစ္ဦးရဲ႕ပုံေလးေတြကို ပရိသတ္ႀကီး ၾကည့္ရႈေပးၾကပါဦးေနာ္။

Cele Star