နေတိုးနဲ့ပထမဆုံးစုံတွဲTikTokဆောခဲ့ရလို့ပျော်ရွှင်နေတဲ့ခြူးလေးဗီဒိယိုဖိုင်
Posted on
ပရိသတ်ကြီးရေ ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့ MRTV – (4 )ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖောက်လာတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။ချစ်စရာအမူအရာတွေအပြင် သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ ဖမ်းစားထားတဲ့ တိုင်းရင်းသူတစ်ယောက်ပါ။အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးလာတာတွေ့ရပါတယ်။မာန်မာနကင်းပြီး ချစ်စဖွယ်ချိုသာအေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲနေစေခဲ့တဲ့အပြင် TikTok မင်းသမီးလေးလို့တောင် ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြလေ့ရှိကြပါတယ်။ခင်မင်တဲ့သူငယ်ချင်းအနုပညာရှင်တွေကို သူနဲ့ဆုံတိုင်း Tik Tok မဆော့ဖူးတဲ့သူတောင် ဆော့ဖို့တိုက်တွန်းတဲ့သူလေး ဖြစ်တဲ့အပြင် ပရိသတ်တွေကလည်း သူ့ရဲ့ Tik Tok တွေကို သဘောကျ အားပေးလေ့ရှိကြတယ်လို့ဆိုရမှာပါ။လက်ရှိမှာလည်း ပြည်သူ့အချစ်တော်နိုင်ငံကျော်မင်းသားကြီးနဲ့တွဲဖက်ကာ ရုပ်ရှင်ကြော်ငြာတွေရိုက်ကူးခဲ့တာပါ။ ကြော်ငြာရိုက်ကူးရင်း အမှတ်တရအနေနဲ့ TikTok လေးလည်း နေတိုးနဲကတွဲဖက်ကာ ဆေ့ာကစားခဲ့ပါသေးတယ်။ “ပထမဆုံး Tiktok လေး K.K.N.T ” ဆိုတဲ့ စာသားလေးနဲ့အတူ ပျော်ရွှင်စွာကနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှလာတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Chue Chue
Candy – CeleConnections
ဇော်ဂျီဖြင့်ဖတ်ရန်
Source : Chue Chue