မန္တလေး မြင့်မြင့်ခင် ထိုးမုန့်၊ လမုန့်-မိသားစုမှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခံရ

Posted on

မန္တလေး မြင့်မြင့်ခင် ထိုးမုန့်၊ လမုန့်-မိသားစုမှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခံရ

မန္တလေး မြင့်မြင့်ခင် ထိုးမုန့်၊လမုန့်-မိသားစုမှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခံရခြင်းအတွက် ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း…သာသနာတော်ဆိုင်ရာဘွဲ့ရရှိတာမှန်ပေမယ့် ဒီမိသားစုရဲ့ ကျန်းမာရေး၊ ပညာရေးဒါနတွေလည်း မနည်းမနောပင်။

အခုရက်ပိုင်းအတွင်း ၁၁.၃.၂၀၂၀ နေ့က ခုတင် ၃၀၀ ကလေးဆေးရုံ မန္တလေး- အထူးကြပ်မတ်ကုသဆောင်၊ မွေးကင်းစဆောင်၊ ကျောက်ကပ်ဆောင်များအတွက် အရေးပေါ်လိုအပ်သွားသော မီးစက်တစ်လုံး 25KV မြင့်မြင့်ခင် မိသားစုထံ အလှူခံခဲ့ရာ ၁၀ မိနစ်အတွင်း လှူပေးပါမယ်ဟု အကြောင်းပြန်ကြားခဲ့ပါတယ်။ (ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ပါတယ်… အရေးပေါ်လိုအပ်သည့်အတွက် အလှူခံရတာပါ..)အလှူရှင်တွေက လာရောက်ကြည့်ရှုတွက်ချက်ပြီးသကာလ သုံးနေသောပစ္စည်းများကို ချိန်ဆ၍ $15,500 (သိန်း ၂၁၀ ကျော်) တန်ဖိုးရှိ 100KV မီးစက်အား နေ့ချင်း ချပေးတပ်ဆင်ပေးလျက်ရှိပါတယ်။

ကလေးကျောက်ကပ်ဆောင် စတင်လည်ပတ်နိုင်ရေးအတွက် မန္တလေး ပြည်သူထဲမှ တစ်ဦးအနေဖြင့် ၂၀၁၅ လောက်ကစတင်ပြီး ကျောက်ကပ်သန့်စင်စက် စတင်လှူဒါန်းပေးသော မိသားစုပါ…(မန္တလေးသူ/သားများ စည်းလုံးညီညွတ်စွာဖြင့် လှူဒါန်းကူညီကြခြင်း ပြယုဂ်)

ကျောက်ကပ်အစားထိုး လူနာများအတွက်လည်း ကလေးတစ်ဦးလျှင် သိန်း၁၅၀ စီဖြင့် (၆)ယောက်အတွက် လှူဒါန်းပေးခဲ့ပါတယ်..

ကျောက်ကပ်ကလေးငယ်များ အာဟာရဒါနအနေနဲ့လည်း မကြာခဏ လှူဒါန်းပေးသော မိသားစုပါ..နှလုံးဌာနအတွက်လည်း လှူထားတာတွေ အသေးစိတ်မသိသော်လည်း မြင်တွေ့နေရပါတယ်..

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းအတွက်လည်း ပညာဒါနကျောင်းဆောင်ကြီး (၃)ထပ် ဆောက်လုပ်လှူဒါန်းထားပါတယ်..

ဒါတွေက ကိုယ်သိတာလောက်လေး ရေးပြီး အလှူတွေကို ဝမ်းမြောက်သာဓုခေါ်နေရတာပါ…

ရှေးကုသိုလ်၊ ပစ္စုပ္ပန်ကုသိုလ်များကြောင့် ယခုလို လှူဒါန်းနိုင်ခြင်းဖြစ်လို့ အားကျဂုဏ်ယူမဆုံးပါ..

(ထူးခြားတာက သူတို့အလှူတွေကို လူသိရှင်ကြား ဖော်ထုတ်ပြောကြားလေ့မရှိခြင်းပင်… ဂုဏ်ပြုအခမ်းအနားတောင် ငွေကုန်မှာစိုးလို့ မလုပ်ပါနဲ့လို့ ပိတ်ပင်တတ်ခြင်းပင်..)

Credit: ဒေါက်တာချောစုခိုင် ကလေးကျောက်ကပ်အထူးကု….ခုတင် ၃၀၀ ကလေးဆေးရုံ မန္တလေး

Zawgyi

မႏၲေလး ျမင့္ျမင့္ခင္ ထိုးမုန္႔၊ လမုန္႔-မိသားစုမွ ေဒၚျမင့္ျမင့္ခင္ သီဟသုဓမၼသိဂႌဘြဲ႕ ေပးအပ္ခံရ

မႏၲေလး ျမင့္ျမင့္ခင္ ထိုးမုန္႔၊လမုန္႔-မိသားစုမွ ေဒၚျမင့္ျမင့္ခင္ သီဟသုဓမၼသိဂႌဘြဲ႕ ေပးအပ္ခံရျခင္းအတြက္ ဝမ္းေျမာက္စြာ ဂုဏ္ယူပါေၾကာင္း…

သာသနာေတာ္ဆိုင္ရာဘြဲ႕ရရွိတာမွန္ေပမယ့္ ဒီမိသားစုရဲ႕ က်န္းမာေရး၊ ပညာေရးဒါနေတြလည္း မနည္းမေနာပင္။

အခုရက္ပိုင္းအတြင္း ၁၁.၃.၂၀၂၀ ေန႔က ခုတင္ ၃၀၀ ကေလးေဆး႐ုံ မႏၲေလး- အထူးၾကပ္မတ္ကုသေဆာင္၊ ေမြးကင္းစေဆာင္၊ ေက်ာက္ကပ္ေဆာင္မ်ားအတြက္ အေရးေပၚလိုအပ္သြားေသာ မီးစက္တစ္လုံး 25KV ျမင့္ျမင့္ခင္ မိသားစုထံ အလႉခံခဲ့ရာ ၁၀ မိနစ္အတြင္း လႉေပးပါမယ္ဟု အေၾကာင္းျပန္ၾကားခဲ့ပါတယ္။ (က်န္းမာေရးဝန္ႀကီးဌာနသို႔ တင္ျပထားၿပီးျဖစ္ပါတယ္… အေရးေပၚလိုအပ္သည့္အတြက္ အလႉခံရတာပါ..)

အလႉရွင္ေတြက လာေရာက္ၾကည့္ရႈတြက္ခ်က္ၿပီးသကာလ သုံးေနေသာပစၥည္းမ်ားကို ခ်ိန္ဆ၍ $15,500 (သိန္း ၂၁၀ ေက်ာ္) တန္ဖိုးရွိ 100KV မီးစက္အား ေန႔ခ်င္း ခ်ေပးတပ္ဆင္ေပးလ်က္ရွိပါတယ္။

ကေလးေက်ာက္ကပ္ေဆာင္ စတင္လည္ပတ္ႏိုင္ေရးအတြက္ မႏၲေလး ျပည္သူထဲမွ တစ္ဦးအေနျဖင့္ ၂၀၁၅ ေလာက္ကစတင္ၿပီး ေက်ာက္ကပ္သန္႔စင္စက္ စတင္လႉဒါန္းေပးေသာ မိသားစုပါ…(မႏၲေလးသူ/သားမ်ား စည္းလုံးညီၫြတ္စြာျဖင့္ လႉဒါန္းကူညီၾကျခင္း ျပယုဂ္)

ေက်ာက္ကပ္အစားထိုး လူနာမ်ားအတြက္လည္း ကေလးတစ္ဦးလွ်င္ သိန္း၁၅၀ စီျဖင့္ (၆)ေယာက္အတြက္ လႉဒါန္းေပးခဲ့ပါတယ္..

ေက်ာက္ကပ္ကေလးငယ္မ်ား အာဟာရဒါနအေနနဲ႔လည္း မၾကာခဏ လႉဒါန္းေပးေသာ မိသားစုပါ..

ႏွလုံးဌာနအတြက္လည္း လႉထားတာေတြ အေသးစိတ္မသိေသာ္လည္း ျမင္ေတြ႕ေနရပါတယ္..

ျဗဟၼစိုရ္ လူမႈကူညီေရးအသင္းအတြက္လည္း ပညာဒါနေက်ာင္းေဆာင္ႀကီး (၃)ထပ္ ေဆာက္လုပ္လႉဒါန္းထားပါတယ္..

ဒါေတြက ကိုယ္သိတာေလာက္ေလး ေရးၿပီး အလႉေတြကို ဝမ္းေျမာက္သာဓုေခၚေနရတာပါ…

ေရွးကုသိုလ္၊ ပစၥဳပၸန္ကုသိုလ္မ်ားေၾကာင့္ ယခုလို လႉဒါန္းႏိုင္ျခင္းျဖစ္လို႔ အားက်ဂုဏ္ယူမဆုံးပါ..

(ထူးျခားတာက သူတို႔အလႉေတြကို လူသိရွင္ၾကား ေဖာ္ထုတ္ေျပာၾကားေလ့မရွိျခင္းပင္… ဂုဏ္ျပဳအခမ္းအနားေတာင္ ေငြကုန္မွာစိုးလို႔ မလုပ္ပါနဲ႔လို႔ ပိတ္ပင္တတ္ျခင္းပင္..)

Credit: ေဒါက္တာေခ်ာစုခိုင္ ကေလးေက်ာက္ကပ္အထူးကု….ခုတင္ ၃၀၀ ကေလးေဆး႐ုံ မႏၲေလး