ညီမလေးဆုံးပါးသွားတဲ့အကြောင်း ဝမ်းနည်းကြေကွဲစွာဖော်ပြလာတဲ့ စောလားထော်ဝါး

Posted on

Myanmar Idol Season (1)ပြိုင်ပွဲကြီးရဲ့ Winner ဆုကြီးကို ရရှိထားတဲ့ စောလားထော်ဝါးကတော့ လက်ရှိမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ဒီနေ့မှာတော့ စောလားထော်ဝါးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ဖော်ပြလာခဲ့ပါတယ်။အဲ့ဒါကတော့ စောလားထော်ဝါးရဲ့ ညီမလေးက ဒီနေ့ မတ်လ (၁၆)ရက်နေ့ မနက် (၇)နာရီ (၅၅)မိနစ် အချိန်မှာ ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ “အပါး ဦးစောသာခူး အမိုး ဒေါ်နန့်တင်တင်နု တို့ရဲ့ သမီးငယ် စောလားထော်ဝါးရဲ့ ညီမငယ်လေး ချင်းချင်း (ခ) နော်ဖေရီဖော အသက်(၁၂)နှစ်သည် ယနေ့မနက် (၇)နာရီ (၅၅)မိနစ်အချိန်တွင် ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့် (၁၄.၃.၂၀၂၀) ရက်နေ့တွင် စခန်းကြီးကျေးရွာ ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ်ပြီး ကြွင်းကျန်သော ရုပ်ကလာပ်ကို စခန်းကြီးသုူန်သို့ ပို့ဆောင်သဂြိုလ်ပါမည်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။စောလားထော်ဝါးရဲ့ ပရိသတ်တွေကတော့ စောလားထော်ဝါးရဲ့ ညီမလေးအတွက် မိသားစုနဲ့ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်နေခဲ့တဲ့ အကြောင်းကိုလည်း မှတ်ချက်ပေးပြောဆိုထားကြပါသေးတယ်။ပရိသတ်ကြီးရေ ညီမလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ စောလားထော်ဝါးအတွက်ကို အားပေးနှစ်သိမ့်စကားလေးတွေပြောခဲ့ပေးကြပါဦး ပရိသတ်ကြီးရေ

ဆယ်လီကမ္ဘာ
Source – Saw Lah Htaw Wah

ZawgyiMyanmar Idol Season (1)ၿပိဳင္ပြဲႀကီးရဲ႕ Winner ဆုႀကီးကို ရရွိထားတဲ့ ေစာလားေထာ္ဝါးကေတာ့ လက္ရွိမွာေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ သူတစ္ေယာက္ပါ။ဒီေန႔မွာေတာ့ ေစာလားေထာ္ဝါးက သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန စိတ္မေကာင္းစရာသတင္းေလးတစ္ခုကို ေဖာ္ျပလာခဲ့ပါတယ္။အဲ့ဒါကေတာ့ ေစာလားေထာ္ဝါးရဲ႕ ညီမေလးက ဒီေန႔ မတ္လ (၁၆)ရက္ေန႔ မနက္ (၇)နာရီ (၅၅)မိနစ္ အခ်ိန္မွာ ဆုံးပါးကြယ္လြန္သြားခဲ့တဲ့ အေၾကာင္းကို စိတ္မေကာင္းစြာနဲ႔ ပရိသတ္ေတြကို အသိေပးေျပာၾကားလာခဲ့တာပဲျဖစ္ပါတယ္။ “အပါး ဦးေစာသာခူး အမိုး ေဒၚနန႔္တင္တင္ႏု တို႔ရဲ႕ သမီးငယ္ ေစာလားေထာ္ဝါးရဲ႕ ညီမငယ္ေလး ခ်င္းခ်င္း (ခ) ေနာ္ေဖရီေဖာ အသက္(၁၂)ႏွစ္သည္ ယေန႔မနက္ (၇)နာရီ (၅၅)မိနစ္အခ်ိန္တြင္ ခရစ္ေတာ္၌အိပ္ေပ်ာ္သြားပါသျဖင့္ (၁၄.၃.၂၀၂၀) ရက္ေန႔တြင္ စခန္းႀကီးေက်း႐ြာ ဘုရားေက်ာင္း၌ ဝတ္ျပဳကိုးကြယ္ၿပီး ႂကြင္းက်န္ေသာ ႐ုပ္ကလာပ္ကို စခန္းႀကီးသုူန္သို႔ ပို႔ေဆာင္သၿဂိဳလ္ပါမည္”လို႔ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပလာတာပဲျဖစ္ပါတယ္။

ေစာလားေထာ္ဝါးရဲ႕ ပရိသတ္ေတြကေတာ့ ေစာလားေထာ္ဝါးရဲ႕ ညီမေလးအတြက္ မိသားစုနဲ႔ ထပ္တူထပ္မွ်စိတ္မေကာင္းျဖစ္ေနခဲ့တဲ့ အေၾကာင္းကိုလည္း မွတ္ခ်က္ေပးေျပာဆိုထားၾကပါေသးတယ္။ပရိသတ္ႀကီးေရ ညီမေလးအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ ေစာလားေထာ္ဝါးအတြက္ကို အားေပးႏွစ္သိမ့္စကားေလးေတြေျပာခဲ့ေပးၾကပါဦး ပရိသတ္ႀကီးေရ

ဆယ္လီကမာၻ
Source – Saw Lah Htaw Wah