မလေးရှား၌ တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ရှိ၊ အများစုက ဗလီမှ ကူးစက်ခြင်း ဖြစ်

Posted on

မလေးရှား၌ တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ရှိ၊ အများစုက ဗလီမှ ကူးစက်ခြင်း ဖြစ်

KUALA LUMPUR, MALAYSIA – FEBRUARY 5: Visitors wearing masks walk through the Bukit Bintang district on February 5, 2020 in Kuala Lumpur, Malaysia.The coronavirus, originating in Wuhan, China has spread to over 20,000 people globally with a death toll of 427 people. Thailand is at great risk for spreading the virus due to the influx of travelers from mainland China. Thailand has confirmed one of the first human to human transmissions of the coronavirus outside of China. (Photo by Ore Huiying/Getty Images)

မလေးရှားနိုင်ငံတွင် မတ် ၁၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ဦး ရှိကြောင်း ကြေညာရာ  တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်ခဲ့သည်။

“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ အခု ကူးစက်တဲ့သူ တော်တော်များများဟာ ဂျာမတ်ဆရီပီတဲလင်း ဗလီက ဘာသာရေးအခမ်းအနား လူထုစုရုံးပွဲကနေ ကူးစက်တာ ဖြစ်ပါတယ်။”ဟု ကျန်းမာရေးဝန်ကြီး ဒါတက်ဆာရီဘာဘာက ပြောသည်။ပြီးခဲ့သည့် မတ် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော Covid-19  ရောဂါဖြစ်ပွားသူ ၇၇ ဦး ရှိပြီး ယင်း ဖြစ်ပွားမှုသည် ဆီလန်ဂေါအရပ်ရှိ ဗလီတစ်ခုက ဘာသာရေးအခမ်းအနားနှင့် ဆက်စပ်မှုရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဘာသာရေးအခမ်းအနား လူထုစုရုံးပွဲသို့ နိုင်ငံအချို့မှ လူ ၁၆၀၀၀ ခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ယခု အသစ် ကူးစက်သူများနှင့်ဆိုလျှင် မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်းမှာ ၄၂၈ ဦးအထိ ရှိသွားပြီဖြစ်သည်။ ထိုဦးရေတွင် ၄၂ ဦးက ဆေးရုံမှ ဆင်းသွားနိုင်ပြီဖြစ်ကာ လူနာကိုးဦးမှာ အခြေအနေ စိုးရိမ်ရ၍ အထူးကြပ်မတ် စောင့်ကြည့်နေရသည်။

ယခု အသစ်ကူးစက်သူ ၁၉၀  နှင့် ပတ်သက်ပြီး အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနက မထုတ်ပြန်သော်လည်း ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ပြုလုပ်သော ဘာသာရေးစုရုံးပွဲမှ အများဆုံး ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။ထိုပွဲသို့ တက်ရောက်သည့် မလေးရှားနိုင်ငံသား ၁၄၅၀၀၀ ရှိမည့်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ ထို တက်ရောက်ခဲ့သူများအား ခြေရာကောက် ဆက်သွယ်လျက် ရှိသည်။

မဇ္ဇျိမ

Zawgyi

မေလးရွား၌ တစ္ရက္တည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၉၀ ရွိ၊ အမ်ားစုက ဗလီမွ ကူးစက္ျခင္း ျဖစ္

မေလးရွားႏိုင္ငံတြင္ မတ္ ၁၅ ရက္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၉၀ ဦး ရွိေၾကာင္း ေၾကညာရာ  တစ္ရက္တည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆုံး ျဖစ္ခဲ့သည္။

“ကနဦး စုံစမ္းစစ္ေဆးမႈေတြအရေတာ့ အခု ကူးစက္တဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ ဂ်ာမတ္ဆရီပီတဲလင္း ဗလီက ဘာသာေရးအခမ္းအနား လူထုစု႐ုံးပြဲကေန ကူးစက္တာ ျဖစ္ပါတယ္။”ဟု က်န္းမာေရးဝန္ႀကီး ဒါတက္ဆာရီဘာဘာက ေျပာသည္။

ၿပီးခဲ့သည့္ မတ္ ၁၄ ရက္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားေသာ Covid-19  ေရာဂါျဖစ္ပြားသူ ၇၇ ဦး ရွိၿပီး ယင္း ျဖစ္ပြားမႈသည္ ဆီလန္ေဂါအရပ္ရွိ ဗလီတစ္ခုက ဘာသာေရးအခမ္းအနားႏွင့္ ဆက္စပ္မႈရွိသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါ ဘာသာေရးအခမ္းအနား လူထုစု႐ုံးပြဲသို႔ ႏိုင္ငံအခ်ိဳ႕မွ လူ ၁၆၀၀၀ ခန႔္ တက္ေရာက္ခဲ့ျခင္း ျဖစ္သည္။

ယခု အသစ္ ကူးစက္သူမ်ားႏွင့္ဆိုလွ်င္ မေလးရွားႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္းမွာ ၄၂၈ ဦးအထိ ရွိသြားၿပီျဖစ္သည္။ ထိုဦးေရတြင္ ၄၂ ဦးက ေဆး႐ုံမွ ဆင္းသြားႏိုင္ၿပီျဖစ္ကာ လူနာကိုးဦးမွာ အေျခအေန စိုးရိမ္ရ၍ အထူးၾကပ္မတ္ ေစာင့္ၾကည့္ေနရသည္။

ယခု အသစ္ကူးစက္သူ ၁၉၀  ႏွင့္ ပတ္သက္ၿပီး အေသးစိတ္ကို က်န္းမာေရးဝန္ႀကီးဌာနက မထုတ္ျပန္ေသာ္လည္း ေဖေဖာ္ဝါရီ ၂၇ ရက္မွ မတ္ ၁ ရက္အထိ ျပဳလုပ္ေသာ ဘာသာေရးစု႐ုံးပြဲမွ အမ်ားဆုံး ကူးစက္ျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုပြဲသို႔ တက္ေရာက္သည့္ မေလးရွားႏိုင္ငံသား ၁၄၅၀၀၀ ရွိမည့္ဟု အာဏာပိုင္မ်ားက ခန႔္မွန္းထားသည္။ ထို တက္ေရာက္ခဲ့သူမ်ားအား ေျခရာေကာက္ ဆက္သြယ္လ်က္ ရွိသည္။

မဇၨ်ိမ