နှစ်ပတ်လည်နေ့လေးမှာ ခုလိုမိသားစုလေးဖြစ်ဖို့ရပ်တည်ကြိုးစားခဲ့ရတာတွေကို ရင်ဖွင့်လာတဲ့ ဆုပန်ထွာ

Posted on

ဆုပန်ထွာတို့ဇနီးမောင်နှံကတော့ အပြန်အလှန်နားလည်မှုအပြည့်နဲ့ အရမ်းသာယာတဲ့အိမ်ထောင်ရေးလေးဖြစ်လို့ ပရိသတ်တွေကတောင်အားကျနေကြတာဖြစ်ပါတယ်။ ဆုပန်ထွာကတော့ ချစ်စရာကောင်းတဲ့သားလေး Roar Roarကိုပိုင်ဆိုင်ထားပြီး ကြည်နူးစရာမိသားစုလေး တည်ဆောက်ထားသူလဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဆုပန်ထွာတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း ဟာငါးနှစ်ပြည့်ခဲ့ပါပြီနော်။ဆုပန်ထွာကတော့ မင်္ဂလာသက်တမ်း(၅)နှစ်ပြည့်လေးမှာတော့ “16.3.2015——>16.3.2020လွန်ခဲ့သော 5 နှစ်။Novotel Hotel မှာ ပထမဆုံးမဂ်လာဆောင်တဲ့ မဂ်လာစုံတွဲ‌လေး။ ပျော်လည်းပျော်ရ၊ စိတ်လည်းလှူပ်ရှား၊ ပန်းကျဲတွေ၊ဗန်းကိုင်တွေ၊သတို့သားသတို့သမီးအရံတွေ ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း အဆင်သင့်လာပေးကြတာပျော်စရာ။(သူတို့ကတော့ပြောရှာတယ် မပန်တို့ပြန်မှရောက်ပါ့မလားလို့ စိတ်ပူနေကြတာတဲ့) 😂😂😂America ကနေ 15 ရက်နေ့ပြန်ရောက်ပြီး၊ဘာစီစဉ်ချိန်မှမရတော့ပဲ 16 ရက်နေ့မဂ်လာတန်းဆောင်ရတာမို့ အားလုံးအပေါ်တာဝန်မကျေတာတွေ၊လစ်ဟင်းတာတွေ၊ ဖိတ်စာတလေးတစားမဖိတ်နိုင်တာတွေတော့ အားလုံးကိုတောင်းပန်ရတာအမောပါ။ အဲ့ဒိတုန်းကမဂ်လာပွဲအတွက်အစစအရာရာကူညီပေးခဲ့ကြသူများတစ်ယောက်ချင်းဆီတိုင်းကျေးဇူးပါ။ဒါတောင် မေမေလေး Thi Thi Tun အစအဆုံးအားလုံးစီစဉ်ထားပေးလို့သာ မဂ်လာပွဲကအစအဆုံးလစ်ဟာမှူမရှိအဆင်ပြေသွားတာ။ ကျေးဇူးရှင် မေမေလေးပါ။ကိုယ်တွေနှစ်ယောက်မဂ်လာပွဲမှန်သမျှ နှစ်ယောက်ကြိုးစားရှာကြတဲ့ပိုက်ဆံလေးနဲ့ကိုယ့်ဖာသာကိုယ်ပိုက်ဆံတွေစုဆောင်းခဲ့ကြရတာ ပြန်တွေးရင်းပီတိဖြစ်မိတယ်။ခုလိုမိသားစုလေးဖြစ်ဖို့ရပ်တည်ကြိုးစားခဲ့ရတာဒီနှစ် ယောက်ပဲလေ။ ပြန်တွေးရင် မိသားစုအပေါ်ပိုတန်ဖိုးထားမိတာလေးက နှစ်ယောက်လုံးရင်ထဲစွဲစွဲမြဲမြဲ။”ဆိုပြီး လွန်ခဲ့တဲ့ငါးနှစ်က ပိုစ့်လေးကိုပြန်ရှဲပြီး သူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားတာပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးကလည်း မင်္ဂလာသက်တမ်း(၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဆုပန်ထွာတို့ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါအုံးနော်..။Source-Su Pan Htwar

Zawgyi

ဆုပန္ထြာတို႔ဇနီးေမာင္ႏွံကေတာ့ အျပန္အလွန္နားလည္မႈအျပည့္နဲ႔ အရမ္းသာယာတဲ့အိမ္ေထာင္ေရးေလးျဖစ္လို႔ ပရိသတ္ေတြကေတာင္အားက်ေနၾကတာျဖစ္ပါတယ္။ ဆုပန္ထြာကေတာ့ ခ်စ္စရာေကာင္းတဲ့သားေလး Roar Roarကိုပိုင္ဆိုင္ထားၿပီး ၾကည္ႏူးစရာမိသားစုေလး တည္ေဆာက္ထားသူလဲျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ဆုပန္ထြာတို႔ ဇနီးေမာင္ႏွံကေတာ့ မဂၤလာသက္တမ္း ဟာငါးႏွစ္ျပည့္ခဲ့ပါၿပီေနာ္။ဆုပန္ထြာကေတာ့ မဂၤလာသက္တမ္း(၅)ႏွစ္ျပည့္ေလးမွာေတာ့ “16.3.2015——>16.3.2020လြန္ခဲ့ေသာ 5 ႏွစ္။Novotel Hotel မွာ ပထမဆုံးမဂ္လာေဆာင္တဲ့ မဂ္လာစုံတြဲ‌ေလး။ ေပ်ာ္လည္းေပ်ာ္ရ၊ စိတ္လည္းလႉပ္ရွား၊ ပန္းက်ဲေတြ၊ဗန္းကိုင္ေတြ၊သတို႔သားသတို႔သမီးအရံေတြ ညီအစ္ကိုေမာင္ႏွမေတြအားလုံးကလည္း အဆင္သင့္လာေပးၾကတာေပ်ာ္စရာ။(သူတို႔ကေတာ့ေျပာရွာတယ္ မပန္တို႔ျပန္မွေရာက္ပါ့မလားလို႔ စိတ္ပူေနၾကတာတဲ့) 😂😂😂America ကေန 15 ရက္ေန႔ျပန္ေရာက္ၿပီး၊ဘာစီစဥ္ခ်ိန္မွမရေတာ့ပဲ 16 ရက္ေန႔မဂ္လာတန္းေဆာင္ရတာမို႔ အားလုံးအေပၚတာဝန္မေက်တာေတြ၊လစ္ဟင္းတာေတြ၊ ဖိတ္စာတေလးတစားမဖိတ္ႏိုင္တာေတြေတာ့ အားလုံးကိုေတာင္းပန္ရတာအေမာပါ။ အဲ့ဒိတုန္းကမဂ္လာပြဲအတြက္အစစအရာရာကူညီေပးခဲ့ၾကသူမ်ားတစ္ေယာက္ခ်င္းဆီတိုင္းေက်းဇူးပါ။ဒါေတာင္ ေမေမေလး Thi Thi Tun အစအဆုံးအားလုံးစီစဥ္ထားေပးလို႔သာ မဂ္လာပြဲကအစအဆုံးလစ္ဟာမႉမရွိအဆင္ေျပသြားတာ။ ေက်းဇူးရွင္ ေမေမေလးပါ။ကိုယ္ေတြႏွစ္ေယာက္မဂ္လာပြဲမွန္သမွ် ႏွစ္ေယာက္ႀကိဳးစားရွာၾကတဲ့ပိုက္ဆံေလးနဲ႔ကိုယ့္ဖာသာကိုယ္ပိုက္ဆံေတြစုေဆာင္းခဲ့ၾကရတာ ျပန္ေတြးရင္းပီတိျဖစ္မိတယ္။ခုလိုမိသားစုေလးျဖစ္ဖို႔ရပ္တည္ႀကိဳးစားခဲ့ရတာဒီႏွစ္ ေယာက္ပဲေလ။ ျပန္ေတြးရင္ မိသားစုအေပၚပိုတန္ဖိုးထားမိတာေလးက ႏွစ္ေယာက္လုံးရင္ထဲစြဲစြဲၿမဲၿမဲ။”ဆိုၿပီး လြန္ခဲ့တဲ့ငါးႏွစ္က ပိုစ့္ေလးကိုျပန္ရွဲၿပီး သူ႔ရဲ႕ လူမႈကြန္ယက္မွာေရးသားထားတာပဲျဖစ္ပါတယ္ေနာ္။ပရိသတ္ႀကီးကလည္း မဂၤလာသက္တမ္း(၅)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ဆုပန္ထြာတို႔ဇနီးေမာင္ႏွံအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါအုံးေနာ္..။

Source-Su Pan Htwar