မန္တလေးမှ ကိုရိုနာစောင့်ကြည့်လူနာ နောက်တစ်ဦး သေဆုံး

Posted on

မန္တလေးမြို့ ကန်တော်နဒီဆေးရုံက ကိုရိုနာစောင့်ကြည့်လူနာ အမျိုးသမီး နောက်တစ်ဦး ဒီကနေ့ မတ် ၁၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ မန္တလေး၊ တံတားဦးမြို့နယ်၊ ဇီးကံကျေးရွာက ယက္ကန်းလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးပါ။ မနေ့က ဆေးရုံကို ရောက်ရှိလာတာလို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန်းသန်းမြင့် က RFA ကို ပြောပါတယ်။ “ဆုံးတာကတော့ ဟုတ်တယ်၊ ၁၆ ရက်နေ့ကရောက်တယ်။ အရင်သေဆုံးသူနဲ့ အခုသေဆုံးသူက အကုန်တစ်ခြားစီပါ၊ ရပ်ကွက်ကလည်း တစ်ခြားစီပဲကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ်ကိုတော့ စိစစ်နေဆဲဖြစ်ပြီး မနက်ဖြန် သတင်းထုတ်ပြန်ပေးမယ်လို့ ဒေါက်တာ သန်းသန်းမြင့်က ပြောပါတယ်။ သေဆုံးသူအမျိုးသမီးဟာ လည်ချောင်းနာတာ၊ အသက်ရှုကြပ်တာ စတဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိပြီး ခရီးသွားခဲ့တဲ့ မှတ်တမ်း မရှိဘူးလို့လည်း တိုင်းကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။ စောင့်ကြည့်လူနာ သေဆုံးတဲ့ဖြစ်စဉ်က ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကလည်း စောင့်ကြည့်ခံနေရတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သူဟာ ဆီးချိုရောဂါအခံရှိပြီး စစ်ဆေးမှုရလဒ်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာကြောင့် ကမ္ဘာတစ်ဝန်းမှာ ဒီနေ့ မတ် ၁၇ ရက်နေ့ ညနေအထိ သေဆုံးသူ ၇၁၅၅ ယောက် ရှိတယ်လို့ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုရိုနာပိုးတွေ့ရှိသူ မရှိသေးပါဘဲ စောင့်ကြည့်လူနာ ၁၃၀ ကျော်နဲ့ သံသယလူနာ နှစ်ယောက်ရှိပါတယ်။

Credit : RFA Burmese

Zawgyi

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံက ကို႐ိုနာေစာင့္ၾကည့္လူနာ အမ်ိဳးသမီး ေနာက္တစ္ဦး ဒီကေန႔ မတ္ ၁၇ ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။ ေသဆုံးသူဟာ မႏၲေလး၊ တံတားဦးၿမိဳ႕နယ္၊ ဇီးကံေက်း႐ြာက ယကၠန္းလုပ္ငန္းလုပ္ကိုင္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးပါ။ မေန႔က ေဆး႐ုံကို ေရာက္ရွိလာတာလို႔ မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ သန္းသန္းျမင့္ က RFA ကို ေျပာပါတယ္။ “ဆုံးတာကေတာ့ ဟုတ္တယ္၊ ၁၆ ရက္ေန႔ကေရာက္တယ္။ အရင္ေသဆုံးသူနဲ႔ အခုေသဆုံးသူက အကုန္တစ္ျခားစီပါ၊ ရပ္ကြက္ကလည္း တစ္ျခားစီပဲကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတာ ဟုတ္၊ မဟုတ္ကိုေတာ့ စိစစ္ေနဆဲျဖစ္ၿပီး မနက္ျဖန္ သတင္းထုတ္ျပန္ေပးမယ္လို႔ ေဒါက္တာ သန္းသန္းျမင့္က ေျပာပါတယ္။ ေသဆုံးသူအမ်ိဳးသမီးဟာ လည္ေခ်ာင္းနာတာ၊ အသက္ရႈၾကပ္တာ စတဲ့ လကၡဏာေတြ ျဖစ္ေလ့ရွိၿပီး ခရီးသြားခဲ့တဲ့ မွတ္တမ္း မရွိဘူးလို႔လည္း တိုင္းက်န္းမာေရးဦးစီးဌာနက ဆိုပါတယ္။ ေစာင့္ၾကည့္လူနာ ေသဆုံးတဲ့ျဖစ္စဥ္က ဒါ ဒုတိယအႀကိမ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္ ၆ ရက္ေန႔ကလည္း ေစာင့္ၾကည့္ခံေနရတဲ့ အသက္ ၆၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ သူဟာ ဆီးခ်ိဳေရာဂါအခံရွိၿပီး စစ္ေဆးမႈရလဒ္အရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတာ မဟုတ္ဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ကို႐ိုနာေၾကာင့္ ကမာၻတစ္ဝန္းမွာ ဒီေန႔ မတ္ ၁၇ ရက္ေန႔ ညေနအထိ ေသဆုံးသူ ၇၁၅၅ ေယာက္ ရွိတယ္လို႔ အေမရိကန္အေျခစိုက္ Johns Hopkins တကၠသိုလ္ရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ကို႐ိုနာပိုးေတြ႕ရွိသူ မရွိေသးပါဘဲ ေစာင့္ၾကည့္လူနာ ၁၃၀ ေက်ာ္နဲ႔ သံသယလူနာ ႏွစ္ေယာက္ရွိပါတယ္။

Credit : RFA Burmese