ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို အိမ်မှာ ပဲအလုပ်လုပ်နိုင်အောင် စီစဉ်လိုက်တဲ့ စမိုင်းလ်တို့လင်မယား …

Posted on

အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာ ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားလုပ်ဆောင်တတ်တဲ့ စမိုင်းလ်ကိုတော့ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ စမိုင်းလ်တို့ လင်မယားစုံတွဲကတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုလေးတွေ ချစ်ခြင်းမေတ္တာတရားတွေနဲ့အပြည့် တည်ဆောင်ထားတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး တစ်ယောက်အတွက် တစ်ယောက် ပြည့်စုံအောင် ဖြည့်ဆည်းကာ နားလည်မှုတွေအပြည့်နဲ့ ပရိသတ်တွေ လေးစားအားကျရတဲ့ အိမ်ထောင်ရှင်စုံတွဲလေးပဲဖြစ်ပါတယ်နော်..။လက်ရှိမှာ ကမ္ဘာအနှံ့အပြားမှာ ပျံ့နှံ့ကူးစပ်နေတဲ့ ဗိုင်းရပ်စ်အန္တာရာယ်က ကာကွယ်မှုတွေကို ပြုလုပ်ဖို့အတွက် စမိုင်းလ်ကတော့ သူမတို့ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် အိမ်မှာတင်ပဲ အလုပ်လုပ်ဆောင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတဲ့အကြောင်းကို ဒီနေ့ မတ်လ (၁၈)ရက်နေ့မှာ “ကျွန်မတို့ Vmg Telecoms မှဝန်ထမ်းများ၏ကျန်းမာရေးအားအဓိကအရေးထားသဖြင့် ရုံးတက်ပြီးအလုပ်လုပ်မဲ့အစား အိမ်မှာနေပြီး အလုပ်လုပ်လို့ရနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတယ်။ မနက်ဖြန်မှစပြီး မိမိအိမ်မှာပဲနေပြီး အလုပ်လုပ်ကြရန် ညွုန်ကြားပေးထားတယ်။ အင်တာနက်အသုံးပြုဖို့ ဖုန်းတွေကိုငွေဖြည့်ပေးမယ်။ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကြိုတင်ကာကွယ်ကြမယ်” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။စမိုင်းလ်တို့ လင်မယားကတော့ ကိုယ်တိုင်လည်း ကာကွယ်မှုလေးတွေ လုပ်ဆောင်သလို ဝန်ထမ်းတွေအတွက်လည်း နားလည်မှုတွေနဲ့ စာနာမှုလေးတွေနဲ့အတူ စီစဉ်ဆောင်ရွက်ပေးနိုင်တဲ့ ချီးကျူးလောက်စရာ စုံတွဲပါပဲနော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးလည်း စမိုင်းလ်တို့ စုံတွဲကို လေးစားချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။

Source: စမိုင်းလ် Smile
(Cele Connections)

Zawgyi



(Cele Connections)