တစ်ကမ္ဘာလုံး အံ့အားသင့်သွားစေတဲ့ ဝူဟန်မြို့ဆေးရုံတွေက သူနာပြုတွေရဲ့ မျက်နှာများ

Posted on

တရုတ်နိုင်ငံသားတွေဟာ နာရီပေါင်းများစွာ မနားတမ်း တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်များနဲ့ သူနာပြုများကို ချီးမွမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကို ခံစားနေရသူတွေအတွက် ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ တရက်ကို ၁၂ နာရီတိတိ တာဝန် ထမ်းဆောင်နေတာကြောင့် မျက်နှာမှာ Mask တပ်ထားတဲ့ အရာများ ထင်နေတဲ့ သူနာပြုတွေရဲ့ ပုံတွေကို လူမှုကွန်ရက် စာမျက်နှာများမှာ မျှဝေပြီး ချီးမွမ်းစကားများ ဆိုခဲ့ကြတယ်လို့ သိရပါတယ်။ဆေးရုံ ဝန်ထမ်းတွေဟာ တာဝန်ချိန်အတွင်းရော တာဝန်ချိန်ပြင်ပမှာပါ တတ်နိုင်သလောက် ဆေးရုံဝင်းထဲမှာသာ ရှိနေပြီး အကူအညီ လိုအပ်သူတွေကို အကူအညီပေး နေကြတာ ဖြစ်ပါတယ်။တရုတ်နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ မျက်နှာမှာ Mask တပ်ဆင်ထားတဲ့ အရာများ ရှိနေတဲ့ သူနာပြုတွေရဲ့ ပုံတွေ ပျံ့နှံ့နေပြီး ပြန်လည် မျှဝေသူတွေလည်း သိန်းနဲ့ချီ ရှိနေပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများက သူနာပြုတွေရဲ့ စတေးမှုအတွက် ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ ပေးထားခဲ့ကြပါတယ်။တရုတ်နိုင်ငံနှင့်ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရယ်မှ ဘေးကင်းလုံခြုံရန်အတွက်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းများရဲ့ ဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။

Credit – Summer ( The Lifestyle Myanmar )

Zawgyi

တ႐ုတ္ႏိုင္ငံသားေတြဟာ နာရီေပါင္းမ်ားစြာ မနားတမ္း တာဝန္ ထမ္းေဆာင္ေနတဲ့ ဆရာဝန္မ်ားနဲ႔ သူနာျပဳမ်ားကို ခ်ီးမြမ္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္ၿပီး တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕က စတင္ျပန႔္ပြားလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (Covid-19) ကို ခံစားေနရသူေတြအတြက္ ကိုယ့္အသက္ကို မငဲ့ကြက္ဘဲ တရက္ကို ၁၂ နာရီတိတိ တာဝန္ ထမ္းေဆာင္ေနတာေၾကာင့္ မ်က္ႏွာမွာ Mask တပ္ထားတဲ့ အရာမ်ား ထင္ေနတဲ့ သူနာျပဳေတြရဲ႕ ပုံေတြကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွာ မွ်ေဝၿပီး ခ်ီးမြမ္းစကားမ်ား ဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ေဆး႐ုံ ဝန္ထမ္းေတြဟာ တာဝန္ခ်ိန္အတြင္းေရာ တာဝန္ခ်ိန္ျပင္ပမွာပါ တတ္ႏိုင္သေလာက္ ေဆး႐ုံဝင္းထဲမွာသာ ရွိေနၿပီး အကူအညီ လိုအပ္သူေတြကို အကူအညီေပး ေနၾကတာ ျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံက လူမႈကြန္ရက္ အသုံးျပဳသူေတြၾကားမွာ မ်က္ႏွာမွာ Mask တပ္ဆင္ထားတဲ့ အရာမ်ား ရွိေနတဲ့ သူနာျပဳေတြရဲ႕ ပုံေတြ ပ်ံ႕ႏွံ႔ေနၿပီး ျပန္လည္ မွ်ေဝသူေတြလည္း သိန္းနဲ႔ခ်ီ ရွိေနပါတယ္။ လူမႈကြန္ရက္ အသုံးျပဳသူမ်ားက သူနာျပဳေတြရဲ႕ စေတးမႈအတြက္ ေက်းဇူးတင္ေၾကာင္း မွတ္ခ်က္ေတြ ေပးထားခဲ့ၾကပါတယ္။တ႐ုတ္ႏိုင္ငံႏွင့္ကမာၻတစ္ဝွမ္းလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရယ္မွ ေဘးကင္းလုံၿခဳံရန္အတြက္တိုက္ပြဲဝင္ေနၾကတဲ့ သူရဲေကာင္းမ်ားရဲ႕ ဓာတ္ပုံမ်ားကို ေဖာ္ျပလိုက္ပါတယ္။

Credit – Summer ( The Lifestyle Myanmar )