မနက်စောစောစီးစီး ဆရာတော်ကြီးတွေကို ဆွမ်းကပ်ပြီး ကုသိုလ်ယူခဲ့တဲ့ ဝတ်မှုံရွှေရည်

Posted on

နိုင်ငံကျော် မင်းသမီး ဝတ်မှုံရွှေရည်က လူငယ်တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါးစွာနေသလို ဘာသာရေးလည်း မမေ့သူတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်းလိုလို အလှူအတန်းတွေလုပ်သလို တရားစခန်းလည်းဝင်လေ့ရှိတဲ့ ဝတ်မှုံရွှေရည်က မနေ့က မတ်လ (၁၇) ရက်နေ့မှာလည်း ရန်ကုန်ကလေးဆေးရုံကြီးမှာ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းတွေကို လှူဒါန်းခဲ့ပါတယ်။ဒီနေ့မှာလည်း ဝတ်မှုံရွှေရည်က သူမ တရားစခန်းဝင်နေကျ မှော်ဘီအောင်ဇမ္ဗူတောရကျောင်းက ဆရာတော်ကြီးတွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ဝတ်မှုံရွှေရည်ရဲ့ ကုသိုလ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။ဝတ်မှုံရွှေရည်ကတော့ ကောင်းမှကုသိုလ်တွေလုပ်သလို သူမရဲ့ ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Cele Connections

Zawgyi



Cele Connections