သင်္ကြန်တွင်းရုပ်ရှင်လောကသားများ ဆန်ဆီဆားအလှူအတွက် အလှူငွေ (၃)သိန်း လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

Posted on

ဖြူဖြူထွေးကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာလောကထဲကို ကြိုးကြိုးစားစားနဲ့ ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေခဲ့ပြီလည်း ဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ လူလေးလည်း လှသလို မွန်မြတ်လှတဲ့ စိတ်ထားလေးကိုပိုင်ဆိုင်ထားပြီး အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်း အမြဲတမ်းလိုလို တတ်နိုင်သမျှကူညီပေးနေခဲ့ပါသေးတယ်။ လတ်တလောမှာလည်း သင်္ကြန်ကာလ ဝင်ငွေနည်းပါးတဲ့ ရုပ်ရှင်လောကသားတွေကို ဆန်ဆီနှင့် ကုန်ခြောက်ပစ္စည်းများလှူဒါန်းတဲ့ အလှူအတွက် အလှူငွေ (၃)သိန်းကျပ်ကို ဖြူဖြူထွေးက ပါဝင်လှူဒါန်းခဲ့ပြန်ပါတယ်။ဖြူဖြူထွေးကအခုလို လှူဒါန်းခဲ့တဲ့ အကြောင်းကို ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဦးဝင်းမြိုင်က “သင်္ကြန်ကာလ ရုပ်ရှင်လောကသားများ ဆန်ဆီဆားအလှူအတွက် သရုပ်ဆောင်ဖြူဖြူထွေးက (၃)သိန်းလှူဒါန်းပါသည်။”လို့ အလှူငွေလက်ခံရယူခဲ့ပုံလေးနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြထားခဲ့တာပါ။ ပရိသတ်ကြီးရေ ဖြူဖြူထွေးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကတော့ သာဓုခေါ်ဆိုထိုက်လှပါတယ်နော်။

ဆယ်လီကမ္ဘာ
Source – Win MyaingZawgyi



ဆယ်လီကမ္ဘာ
Source – Win Myaing