ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူ ထပ်မရှိတော့ဘူးလို့ တရုတ်ကြေငြာ

Posted on

တရုတ်ပြည်မကြီးမှာ ဗုဒ္ဓဟူးနေ့(မတ် ၁၈) မှာ ပြည်တွင်း ကူးစက်သူ မရှိတော့တဲ့အကြောင်း ဒီနေ့(မတ် ၁၉) မှာ တရုတ်နိုင်ငံ ကျန်းမာရေးကော်မရှင်က ထုတ်ဖော်ကြေငြာလိုက်ပါတယ်။တရုတ်ပြည်မကြီးမှာ မတ်လ ၁၈ ရက်နေ့က ကူးစက်သူပေါင်း ၃၄ ယောက်ကို ထပ်မံတွေ့ရှိခဲ့ရပေမယ့် ဒီကူးစက်ခံရသူအားလုံးဟာ ပြည်တွင်းက မဟုတ်ပဲ တရုတ်နိုင်ငံ ပြင်ပက ဝင်လာခဲ့တဲ့ သူတွေလို့ အမျိုးသားကျန်းမာရေး ကော်မရှင်ရဲ့ သတင်းအရသိရပါတယ်။

ဒီ ၃၄ ယောက်မှာ ၂၁ယောက်ကို ဘေဂျင်းမှာ ၊ ၉ ယောက်ကို Guangdong မှာ ၊ ၂ယောက်ကို ရှန်ဟိုင်းမှာ ၊ Heilongjiang နဲ့ Zhejiang တို့မှာ ၁ယောက်စီ အသီးသီးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနေတစ်နေ့ထဲမှာပဲ ကျန်းမာသွားလို့ဆေးရုံက ပြန်ဆင်းခဲ့ရသူပေါင်းက ၈၁၉ ယောက် ဖြစ်ပါတယ်။လက်ရှိအချိန်အထိ တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၁၀၀၀ ခန့်ရှိနေပြီး ဒီအထဲက ၇၀၅၂၅ယောက်ဟာ ပြန်လည်ကျန်းမာလာတဲ့အတွက် ဆေးရုံက ဆင်းသွားကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စောင့်ကြည့်ကုသဆဲ လူနာပေါင်း ၇၂၃၆ ယောက် ရှိနေပြီး ၃၂၄၉ ယောက်ကတော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

အခုအချိန်မှာ လူပေါင်း ၁၀၅ ယောက်ကိုလည်း ကိုရိုနာသံသယလူနာတွေအဖြစ် စောင့်ကြည့်နေရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ထွက်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့လကတည်းက မြို့တွေကို Lockdown လုပ်ကာ ကုသခဲ့တာကြောင့် ယခုအချိန်မှာတော့ တရုတ်နိုင်ငံ ပြည်တွင်းမှာ ကူးစက်မှုနှုန်း အလွန်နည်းလာခဲ့ပါပြီ။

ဒီလို ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနည်းလာပြီး ကုသဆဲလူနာကလည်း ၇ထောင်ကျော်ပဲ ရှိတော့တဲ့အတွက် ယခင်ကူးစက်ခံရသူ အဆမတန်များပြားစဉ်က အရေးပေါ်ဖွင့်လှစ်ခဲ့တဲ့ ယာယီဆေးရုံတွေကို ပြန်ပိတ်လိုက်ပြီဖြစ်ပါတယ်။

ကူးစက်ခံလူနာ နည်းသွားပြီဖြစ်ကာ ကျန်းမာရေးဝန်ထမ်းတွေလည်း သိပ်မလိုတော့တဲ့အတွက် တရုတ်အစိုးရဟာ ပိုလျံနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ယခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံး ဖြစ်နေတဲ့ အီတလီ ၊ အီရန် ၊ ပြင်သစ်စတဲ့ ဥရောပနိုင်ငံတွေကို ပို့ဆောင်စေလွှတ်ကာ ပူးပေါင်းကုသမှုတွေ ၊ လိုအပ်တဲ့ကျန်းမာရေးပစ္စည်းထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

သုတဇုန်
Ref:
Xinhua : Chinese mainland reports zero increase in domestically transmitted