ကိုရိုနာရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ခေတ်နဲ့သစ်ဖောင်ဒေးရှင်းမှ သိန်း(၁၀၀) ကျပ်လှူဒါန်း

Posted on

ကိုရိုနာရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ခေတ်နဲ့သစ်ဖောင်ဒေးရှင်းမှ သိန်း(၁၀၀) ကျပ်လှူဒါန်းလင်းလင်းနဲ့ ချစ်သုဝေတို့မိသားသားစုလေးကတော့ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်လုံးကလည်း အရမ်းကိုချစ်စရာကောင်းပြီးပရိသတ်အားပေးမှုကိုတစ်ခဲနက်ရရှိထားတာကြောင့် ခေတ်နဲ့သစ်ဖောင်ဒေးရှင်းတည်ထောင်ပြီး မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးတွေကို ကုသပေးနေတာဖြစ်ပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းသည် ကလေးငယ်များ၏ကျန်းမာရေးအား အလေးထားကူညီဆောင်ရွက်နေသလို ပညာရေးကဏ္ဍအားလည်း တစ်ဖက်တစ်လမ်းမှကူညီနေသောအဖွဲ့အစည်းဖြစ်ပါတယ်။လက်ရှိတွင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာဖြစ်ပွားကူးစက်နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါအားမြန်မာနိုင်ငံတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မိမိတို့ခေတ်သစ်ဖောင်ဒေးရှင်းမှသိန်း (၁၀၀) ကျပ်မတည်ကာ (၇) ရက်သားသမီးများနှင့်စုပေါင်းကာ လိုအပ်သည့်နေရာများအားထိရောက်စွာလှူဒါန်းပေးသွားမည်ဖြစ်ပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းနှင့်အတူတကွပါဝင်လိုသော စေတနာရှင်/ကုသိုလ်ရှင်များအား လေးစားစွာဖိတ်ခေါ်ပါရစေ။လှူဒါန်းလိုသူများအတွက် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်အား ပူးတွဲဖော်ပြအပ်ပါတယ်။အဆိုပါ ဘဏ်အကောင့်သည် ဖောင်ဒေးရှင်းနာမည်ဖြင့်ထားရှိပြီး ဖောင်ဒေးရှင်း၏ အမှုဆောင် (၃) ဦးမှ ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၂) ဦးအတည်ပြုမှသာ ငွေထုတ်ယူနိုင်သည့်စနစ်ကို အသုံးပြုထားခြင်းဖြစ်ပါသည်။ လှူဒါန်းငွေများကိုတစ်ပြားတစ်ချပ်မှအလေအလွင့်အရှိစေဘဲ အကျိူးရှိထိရောက်စွာအသုံးပြုသွားမည်ဟု လေးနက်စွာ ကတိပြုအပ်ပါသည်။ကျန်းမာပျော်ရွှင်သော ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ။အဆိုပါအလှူအကြောင်းကိုတော့ ချစ်သုဝေကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Source:Chit Thu Wai

Zawgyi

ကို႐ိုနာေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအတြက္ ေခတ္နဲ႔သစ္ေဖာင္ေဒးရွင္းမွ သိန္း(၁၀၀) က်ပ္လႉဒါန္း

လင္းလင္းနဲ႔ ခ်စ္သုေဝတို႔မိသားသားစုေလးကေတာ့ ပရိသတ္အားေပးမႈကိုအခိုင္အမာရရွိတဲ့ မိသားစုေလးပဲျဖစ္ပါတယ္။ သမီးေလးႏွစ္ေယာက္လုံးကလည္း အရမ္းကိုခ်စ္စရာေကာင္းၿပီးပရိသတ္အားေပးမႈကိုတစ္ခဲနက္ရရွိထားတာေၾကာင့္ ေခတ္နဲ႔သစ္ေဖာင္ေဒးရွင္းတည္ေထာင္ၿပီး ေမြးရာပါႏွလုံးအေပါက္ပါတဲ့ကေလးေတြကို ကုသေပးေနတာျဖစ္ပါတယ္။ေခတ္သစ္ေဖာင္ေဒးရွင္းသည္ ကေလးငယ္မ်ား၏က်န္းမာေရးအား အေလးထားကူညီေဆာင္႐ြက္ေနသလို ပညာေရးက႑အားလည္း တစ္ဖက္တစ္လမ္းမွကူညီေနေသာအဖြဲ႕အစည္းျဖစ္ပါတယ္။

လက္ရွိတြင္ ကမာၻ႔ႏိုင္ငံအႏွံ႔အျပားမွာျဖစ္ပြားကူးစက္ေနေသာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအားျမန္မာႏိုင္ငံတြင္း ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအတြက္ မိမိတို႔ေခတ္သစ္ေဖာင္ေဒးရွင္းမွသိန္း (၁၀၀) က်ပ္မတည္ကာ (၇) ရက္သားသမီးမ်ားႏွင့္စုေပါင္းကာ လိုအပ္သည့္ေနရာမ်ားအားထိေရာက္စြာလႉဒါန္းေပးသြားမည္ျဖစ္ပါတယ္။ေခတ္သစ္ေဖာင္ေဒးရွင္းႏွင့္အတူတကြပါဝင္လိုေသာ ေစတနာရွင္/ကုသိုလ္ရွင္မ်ားအား ေလးစားစြာဖိတ္ေခၚပါရေစ။

လႉဒါန္းလိုသူမ်ားအတြက္ လႉဒါန္းႏိုင္မည့္ ဘဏ္အေကာင့္အား ပူးတြဲေဖာ္ျပအပ္ပါတယ္။အဆိုပါ ဘဏ္အေကာင့္သည္ ေဖာင္ေဒးရွင္းနာမည္ျဖင့္ထားရွိၿပီး ေဖာင္ေဒးရွင္း၏ အမႈေဆာင္ (၃) ဦးမွ ပူးတြဲဖြင့္လွစ္ထားျခင္းျဖစ္ၿပီး (၂) ဦးအတည္ျပဳမွသာ ေငြထုတ္ယူႏိုင္သည့္စနစ္ကို အသုံးျပဳထားျခင္းျဖစ္ပါသည္။ လႉဒါန္းေငြမ်ားကိုတစ္ျပားတစ္ခ်ပ္မွအေလအလြင့္အရွိေစဘဲ အက်ိဴးရွိထိေရာက္စြာအသုံးျပဳသြားမည္ဟု ေလးနက္စြာ ကတိျပဳအပ္ပါသည္။က်န္းမာေပ်ာ္႐ႊင္ေသာ ဘဝမ်ားကိုပိုင္ဆိုင္ႏိုင္ၾကပါေစ။အဆိုပါအလႉအေၾကာင္းကိုေတာ့ ခ်စ္သုေဝကသူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

Source:Chit Thu Wai