ကြေကွဲနာကျင်ရတာတွေမရှိတော့ဘဲ အေးဆေးတည်ငြိမ်ကာ ခံစာချက်တွေလည်း အေးခဲနေပါပြီဆိုတဲ့ ပန်ကိတ်ဒါဒါ
Posted on
အနုပညာရှင်မဟုတ်ပေမယ့် မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုအခိုင်အမာ ရရှိထားတဲ့ ပန်ကိတ်ဒါဒါကိုတော့ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ ဆယ်လီအနုပညာရှင်တစ်ယောက်နဲ့ လမ်းခွဲခဲ့တဲ့ အချစ်ရေးကြောင့် ပရိသတ်တွေရဲ့ ကရုဏာနဲ့ ချစ်ခင်မှုတွေအပြည့်အဝနဲ့ အားပေးဝန်းရံမှုတွေကို ခံခဲ့ရတဲ့သူပဲဖြစ်ပါတယ်..။ ဒါဒါလေးကတော့ နိုင်ငံခြားမှာပဲ အခြေချနေထိုင်နေခဲ့တာဖြစ်ပြီး မကြာသေးမီက မြန်မာပြည်ကို ပြန်လည်ရောက်ရှိကာ အနုပညာအလုပ်တွေလုပ်ရင်း ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါသေးတယ်..။လက်ရှိမှာတော့ ဒါဒါက အလုပ်တွေနဲ့ ချစ်ရတဲ့သူတွေအတွက်သာ အချိန်ယူပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ ဒါဒါလေးက နာကျင်နေရတဲ့ အတိတ်ဒဏ်ရာလေးတွေကြောင့် ခံစားနေရတဲ့ သူမရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ မတ်လ (၁၈)ရက်နေ့မှာတော့ “နှလုံးသား ဆိုတဲ့ အရာကလည်း ထူးဆန်းသား.. လောင်ကျွမ်းရင်း လောင်ကျွမ်းရင်း ကနေ ချက်ချင်း အေးခဲသွားတတ်တာ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ဒါဒါလေးကတော့ သူမရဲ့ အချစ်ရေးမှာ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ခဲ့တဲ့ ချစ်သူဟောင်းကြောင့် ခံစားနေရတဲ့ ခံစားချက်လေးတွေဟာ အေးခဲကာ တည်ငြိမ်သွားပြီနဲ့တူပါတယ်နော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးလည်း ခံစားနေရတဲ့ နှလုံးသားခံစားချက်လေးတွေကနေ တည်ငြိမ်ကာ အေးဆေးသွားပြီဖြစ်တဲ့ ဒါဒါလေးကို ချစ်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: Ya Min Oo’s Facebook
Sakura(Cele Connections)