ယုန်လေး၊ ပွင့်နန္ဒီမောင်တို့နဲ့ ပူးပေါင်းပြီး ဇနီးလေးရဲ့ မွေးနေ့ကို SURPRISE ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ထူးခြား

Posted on

ယုန်လေး၊ ပွင့်နန္ဒီမောင်တို့နဲ့ ပူးပေါင်းပြီး ဇနီးလေးရဲ့ မွေးနေ့ကို SURPRISE ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ထူးခြားနာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခြားကတော့ အက်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးခြားက နောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း အောင်အောင်မြင်မြင်နဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ ထူးခြားကတော့ သူချစ်တဲ့မိသားစုလေးကို သမာအာဇီဝကျကျနဲ့ ဦးဆောင်ရှာဖွေပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ်။ဒီကနေ့ မေလ (၂၀) ရက်နေ့ကတော့ ထူးခြားရဲ့ အချစ်ဆုံးပါရမီဖြည့်ဖက် ဇနီးလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထူးခြားက ဇနီးဖြစ်သူရဲ့ မွေးနေ့မှာ ယုန်လေး၊ ပွင့်နန္ဒီမောင်တို့နဲ့အတူတူ Surprise လုပ်ပြီး ပျော်ရွှင်အောင် ဖန်တီးပေးဖြစ်ကြောင်းကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ မျှဝေထားပါတယ်။

ထူးခြားကတော့ ကပ်ရောဂါအခြေအနေတွေကြောင့် အပြင်မထွက်ရပေမယ့် အိမ်ထဲမှာပဲ ဇနီးလေးမွေးနေ့အတွက် ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Charr’s fb
Bilie – Cele Connections

Zawgyi code




Source: Htoo Charr’s fb