ယောကျာ်းသားတစ်ယောက်ထိုးတာ ခံနိုင်တဲ့အထိ ဝမ်းဗိုက်ကြွက်သွားတွေ တောင့်တင်းကြောင်း ပြသခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on

ယောကျာ်းသားတစ်ယောက်ထိုးတာ ခံနိုင်တဲ့အထိ ဝမ်းဗိုက်ကြွက်သွားတွေ တောင့်တင်းကြောင်း ပြသခဲ့တဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ လျှမ်းလျှမ်းတောက် နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ အောင်မြင်မှု ရရှိခဲ့သလို သူမရဲ့ ပွဲတက်ပုံရိပ်တွေကလည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေလျက်ရှိပါတယ်။

သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာလုပ်ငန်းတွေ ရပ်နားထားချိန်မှာ အားကစားကို ပိုမိုဂရုစိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့ ဝမ်းဗိုက်ကြွက်သားတွေ ခိုင်မာတောင့်တင်းတဲ့အကြောင်းကို ဗီဒီယိုလေးနဲ့တကွ အခုလိုပဲ ပြသထားပါတယ်။

သင်ဇာဝင့်ကျော်ကတော့ တော်ရုံတန်ရုံ ယောကျာ်းလေးတွေတောင် မခံနိုင်တဲ့အထိ ဝမ်းဗိုက်ကြွက်သားတွေ တောင့်တင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြက်သီးတွေထိသွားလောက်တဲ့အထိ သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Thin Zar Wint Kyaw’s fb

Zawgyi code



