သရုပ်ဆောင်အကယ်ဒမီဆုရှင်မင်းသားကြီးသီဟတင်စိုး ငွေလိမ်လည်မှုဖြင့် အမှုဖွင့် ခံရ(ရုပ်/သံ)

Posted on

သရုပ်ဆောင်အကယ်ဒမီဆုရှင်မင်းသားကြီးသီဟတင်စိုး ငွေလိမ်လည်မှုဖြင့် အမှုဖွင့် ခံရ(ရုပ်/သံ)ရုပ်ရှင်နှင့် ဗီဒီယို အကယ်ဒမီဆုရှင် သီဟတင်စိုးငွေကြေးအရှုပ်တော်ပုံကြောင့် ကျိုက်လတ်မြို့၌ အမှုဖွင့် ခံရ“အပြင်ကနေ ချေးပေးတဲ့ပိုက်ဆံလည်းပါတယ်ခင်ဗျာ၊ အဲ့ပိုက်ဆံတွေကို ကျွန်တော်ကို ယုံလို့ပေးတာဆိုတော့ ကျွန်တော်ကပြန်ပြီး လယ်ပေါင်ပြီးတော့တောင် ဆပ်ထားရပါတယ်” ကိုနေလင်းနိုင်(ကျိုက်လတ်ဒေသခံတစ် ဦး)ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီဆုရှင် သီဟတင်စိုးသည် ငွေကြေးအရှုပ်တော်ပုံကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၌ အမှုဖွင့်ခံထားရပါတယ်။သီဟတင်စိုးသည် ကျိုက်လတ်မြို့၌ “ရွှေစင်မင်း”အမည်ဖြင့် ဆိုင်းတည်ထောင်၍ နယ်လှည့်ဖျော်ဖြေခဲ့ပါတယ်။ ထိုနောက် သီဟတင်စိုးသည် မြို့ခံထံမှ ငွေကြေးများ ချေးဌားပြီး ပြန်ဆပ်ခြင်းမရှိသောကြောင့် ငွေကြေးချေးဌား သူများက မတ်လ(၁၈)ရက်၌ ကျိုက်လတ်မြို့ ရဲစခန်း၌ အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အပေါ် People Media မှ သီဟတင်စိုးကို အမှုဖွင့်ခဲ့သူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

#PeopleMedia #ကျိုက်လတ် #သီဟတင်စိုး

Zawgyi code



