အားငယ်ပြီး ငိုနေတဲ့ ဆုမြတ်နိုးဦးကို အတူပွေ့ဖက်ပြီး အားပေးခဲ့တဲ့ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်

Posted on

အားငယ်ပြီး ငိုနေတဲ့ ဆုမြတ်နိုးဦးကို အတူပွေ့ဖက်ပြီး အားပေးခဲ့တဲ့ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ BFF တွေပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်လာခဲ့တဲ့ သူတို့သုံးယောက်က “ဗရမ်းဗတာ BFF” များဆိုတဲ့ Page လေးကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ဒီ Page လေးကနေ သူတို့သုံးယောက်ရဲ့ပျော်စရာလေးတွေကိုအမြဲမျှဝေပေးတတ်တာ ဖြစ်ပါတယ်။ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က ပျော်ပျော်နေတတ်ပြီး တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်ကျီစယ်နေတတ်တာ ဖြစ်ပါတယ် ။ အခုတော့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်က တစ်ယောက်တည်းအားငယ်နေတဲ့ ချစ်သူငယ်ချင်းလေးဆုမြတ်နိုးဦးကို ဝိုင်းဝန်းအားပေးနေကြတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးကတော့မကြာသေးခင်ကမှ သူမရဲ့မိခင်ကွယ်လွန်သွားတာကြောင့် စိတ်ထိခိုက်နေတာပဲ ဖြစ်ပါတယ် ။

ကျော်ကျော်နဲ့ ညီထွဋ်ခေါင်က “အခုချိန်မှာ ကိုကျော်နဲ့ ကိုညီက သမီးရဲ့ကမ္ဘာကြီးပဲလေ”လို့ပြောလာတဲ့ ချစ်သူငယ်ချင်းဆုမြတ်နိုးဦးကိုပွေ့ဖက်ကာ အားပေးနေကြတာပဲ ဖြစ်ပါတယ် ။ ငိုနေတဲ့သူငယ်ချင်းလေးကိုနှစ်သိမ့်ဖေးမပေးနေတဲ့ကျော်ကျော်တို့သူငယ်ချင်းတွေရဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေရဲ့ရင်ကိုပါထိစေနိုင်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မိသားစုလိုချစ်ခင်ရင်းနှီးကြတဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးတို့သူငယ်ချင်းသုံးယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Zawgyi code


