မုံရွာက ဖိနပ်ရောင်းတဲ့အဖိုးအတွက် အလှူငွေတစ်သိန်းလှူဒါန်းပေးခဲ့တဲ့ အဆိုတော်ဂျူဝယ်လ်

Posted on

မုံရွာက ဖိနပ်ရောင်းတဲ့အဖိုးအတွက် အလှူငွေတစ်သိန်းလှူဒါန်းပေးခဲ့တဲ့ အဆိုတော်ဂျူဝယ်လ်လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မုံရွာမြို့က ဖိနပ်ရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အဖိုးရဲ့ဇာတ်လမ်းလေးကတော့ စိတ်မကောင်းစရာပါပဲ။ အဖိုးကတော့ အသက်(၈၅) နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက သူကိုယ်တိုင်ချုပ်ထားတဲ့ဖိနပ်လေးတွေကို အဖွားနဲ့အတူတူ ရောင်းချနေသူပါ။အမြဲတမ်းအဖိုးနားမှာ ပါရမီဖြည့်ပေးနေသူ အဖွားကတော့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ဆုံးပါးသွားခဲ့ပြီး အဖိုးကတော့ မုံရွာ အ.ထ.က(၂) ကျောင်းရှေ့ ဆေးရုံလမ်းမှာ တစ်ယောက်တည်းထိုင်ပြီးရောင်းချနေဆဲပါ။ အခုလို Covid-19 ကာလမှာတော့ ဖိနပ်အသစ်လုပ်ဖို့ကုန်ကြမ်းလည်း မဝယ်နိုင်ဘဲ လက်ကျန်ဖိနပ်လေးတွေကိုပဲ ရောင်းချနေပါတယ်တဲ့။ အခုလိုကာလကြီးမှာ ဆင်းရဲဒုက္ခရောက်နေသူတွေ များစွာရှိနေပေမယ့် အသက်(၈၅) နှစ်အဖိုးရဲ့ဇာတ်လမ်းကတော့ အကုန်လုံးကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။အဆိုတော်ဂျူဝယ်လ်ကတော့ အဖိုးအတွက် အလှူငွေတစ်သိန်းလှူဒါန်းပေးခဲ့ပြီး ကိုယ်စားလှူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နောက်ထပ်လည်း ဒီထက်မက လှူနိုင်အောင်ကြိုးစားပါမယ်ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…credit-cele gabar

Zawgyi code

မုံ႐ြာက ဖိနပ္ေရာင္းတဲ့အဖိုးအတြက္ အလႉေငြတစ္သိန္းလႉဒါန္းေပးခဲ့တဲ့ အဆိုေတာ္ဂ်ဴဝယ္လ္

လတ္တေလာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ မုံ႐ြာၿမိဳ႕က ဖိနပ္ေရာင္းၿပီးအသက္ေမြးဝမ္းေက်ာင္းျပဳေနရတဲ့ အဖိုးရဲ႕ဇာတ္လမ္းေလးကေတာ့ စိတ္မေကာင္းစရာပါပဲ။ အဖိုးကေတာ့ အသက္(၈၅) ႏွစ္ရွိၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ကတည္းက သူကိုယ္တိုင္ခ်ဳပ္ထားတဲ့ဖိနပ္ေလးေတြကို အဖြားနဲ႔အတူတူ ေရာင္းခ်ေနသူပါ။

အၿမဲတမ္းအဖိုးနားမွာ ပါရမီျဖည့္ေပးေနသူ အဖြားကေတာ့ လြန္ခဲ့တဲ့ (၂) ႏွစ္ေက်ာ္က ဆုံးပါးသြားခဲ့ၿပီး အဖိုးကေတာ့ မုံ႐ြာ အ.ထ.က(၂) ေက်ာင္းေရွ႕ ေဆး႐ုံလမ္းမွာ တစ္ေယာက္တည္းထိုင္ၿပီးေရာင္းခ်ေနဆဲပါ။ အခုလို Covid-19 ကာလမွာေတာ့ ဖိနပ္အသစ္လုပ္ဖို႔ကုန္ၾကမ္းလည္း မဝယ္ႏိုင္ဘဲ လက္က်န္ဖိနပ္ေလးေတြကိုပဲ ေရာင္းခ်ေနပါတယ္တဲ့။ အခုလိုကာလႀကီးမွာ ဆင္းရဲဒုကၡေရာက္ေနသူေတြ မ်ားစြာရွိေနေပမယ့္ အသက္(၈၅) ႏွစ္အဖိုးရဲ႕ဇာတ္လမ္းကေတာ့ အကုန္လုံးကို စိတ္မေကာင္းျဖစ္ေစခဲ့ပါတယ္။

အဆိုေတာ္ဂ်ဴဝယ္လ္ကေတာ့ အဖိုးအတြက္ အလႉေငြတစ္သိန္းလႉဒါန္းေပးခဲ့ၿပီး ကိုယ္စားလႉေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ေနာက္ထပ္လည္း ဒီထက္မက လႉႏိုင္ေအာင္ႀကိဳးစားပါမယ္ဆိုၿပီး သူ႔ရဲ႕အလႉေလးကို မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ…

credit-cele gabar