သားသမီးတွေမပါပဲ နှစ်ယောက်တည်းမျက်နှာချင်းဆိုင် DINNER စားပြီး RO နေကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ

Posted on

သားသမီးတွေမပါပဲ နှစ်ယောက်တည်းမျက်နှာချင်းဆိုင် DINNER စားပြီး RO နေကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံတစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းက စောစောစီးစီး အိမ်ထောင်ကျသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ မေတ္တာတွေကို ဆက်လက်ရရှိခဲ့တာ ဖြစ်ပါတယ်။ (၂၀၀၇) ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တဲ့ ပိုင်ဇေရဲထွန်းက အခုဆိုရင် သမီးတစ်ယောက်၊ သားနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုကြီးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ချောမောလွန်းတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကို အားပေးချစ်ခင်ကြပါတယ်။သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ အလုပ်တွေကိုယ်စီလုပ်ကိုင်နေကြတာမို့ နှစ်ယောက်တည်းရှိတဲ့အချိန်ဆိုတာ အရမ်းကို ရှားပါးလွန်းပါတယ်။ ဒီတစ်ခေါက်မှာတော့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံက သားသမီးတွေမပါပဲ နှစ်ယောက်တည်းမျက်နှာချင်းဆိုင် Dinner စားခဲ့တယ်လို့ ပိုင်ဇေရဲထွန်းရဲ့အမျိုးသမီး ဇင်သဲနိုင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောထားပါတယ်။ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ သားသမီးတွေအတွက် စီးပွားတွေ ကိုယ်စီရှာနေကြသလို တစ်ယောက်နဲ့တစ်ယောက်လည်း ဂရုစိုက်ကြင်နာကြတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုမန်တစ်ဆန်လွန်းတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေကြပြီ ထင်ပါတယ်နော်။

Source: Zin Thae Naing’s fb
Bilie – Cele Connections

Zawgyi code

သားသမီးေတြမပါပဲ ႏွစ္ေယာက္တည္းမ်က္ႏွာခ်င္းဆိုင္ DINNER စားၿပီး RO ေနၾကတဲ့ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံတစ္ခ်ိန္က မိန္းကေလးေတြ သည္းသည္းလႈပ္ခ်စ္ၾကတဲ့ မင္းသားေခ်ာ ပိုင္ေဇရဲထြန္းက ေစာေစာစီးစီး အိမ္ေထာင္က်သြားခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ ေမတၱာေတြကို ဆက္လက္ရရွိခဲ့တာ ျဖစ္ပါတယ္။ (၂၀၀၇) ခုႏွစ္မွာ အိမ္ေထာင္ျပဳခဲ့တဲ့ ပိုင္ေဇရဲထြန္းက အခုဆိုရင္ သမီးတစ္ေယာက္၊ သားႏွစ္ေယာက္နဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစုႀကီးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းၿပီး ေခ်ာေမာလြန္းတဲ့ ပိုင္ေဇရဲထြန္းတို႔ မိသားစုေလးကို အားေပးခ်စ္ခင္ၾကပါတယ္။

သားသမီးသုံးေယာက္ကို ပိုင္ဆိုင္ထားတဲ့ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံဟာ အလုပ္ေတြကိုယ္စီလုပ္ကိုင္ေနၾကတာမို႔ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ဆိုတာ အရမ္းကို ရွားပါးလြန္းပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံက သားသမီးေတြမပါပဲ ႏွစ္ေယာက္တည္းမ်က္ႏွာခ်င္းဆိုင္ Dinner စားခဲ့တယ္လို႔ ပိုင္ေဇရဲထြန္းရဲ႕အမ်ိဳးသမီး ဇင္သဲႏိုင္က သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေျပာထားပါတယ္။

ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံကေတာ့ သားသမီးေတြအတြက္ စီးပြားေတြ ကိုယ္စီရွာေနၾကသလို တစ္ေယာက္နဲ႔တစ္ေယာက္လည္း ဂ႐ုစိုက္ၾကင္နာၾကတဲ့ ဇနီးေမာင္ႏွံေလးပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ႐ိုမန္တစ္ဆန္လြန္းတဲ့ ပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံကိုၾကည့္ၿပီး အားက်ေနၾကၿပီ ထင္ပါတယ္ေနာ္။

Source: Zin Thae Naing’s fb
Bilie – Cele Connections