အစ်ကိုကြီးပီသစွာနဲ့ ညီလေး၊ ညီမလေးတွေအပေါ် ဂရုတစိုက်ကြင်နာနေတဲ့ R ဇာနည်ရဲ့သားကြီး ဖစ်ဖစ်တုန်

Posted on

အစ်ကိုကြီးပီသစွာနဲ့ ညီလေး၊ ညီမလေးတွေအပေါ် ဂရုတစိုက်ကြင်နာနေတဲ့ R ဇာနည်ရဲ့သားကြီး ဖစ်ဖစ်တုန်အဆိုတော် R ဇာနည်ကတော့ သားကြီး ဖစ်ဖစ်၊ သားလတ် ချစ်ချစ်တို့အပြင် ချစ်စရာကောင်းတဲ့ အထွေးဆုံးသမီးလေးကို ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ကပဲ ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ R ဇာနည်က အနုပညာလုပ်ငန်းတွေမှာလည်း အားပေးသူပရိသတ်အခိုင်အမာရရှိထားသလို နားလည်မှုအပြည့်ပေးတဲ့ ဇနီးသည်၊ ချစ်စရာကောင်းတဲ့ သားသမီးတွေနဲ့ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းနေလျက်ရှိပါတယ်။မနေ့က မေလ (၂၁) ရက်နေ့မှာတော့ R ဇာနည်ရဲ့ သမီးလေးရဲ့ လူ့လောကထဲရောက်ရှိလာတာ တစ်ပတ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ R ဇာနည်က သမီးလေးကြောင့် ပျော်ရွှင်နေသလို ဖစ်ဖစ်တုန်လေးကလည်း ချစ်စရာကောင်းတဲ့ ညီလေးနဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ရပြီမို့ အရမ်းပျော်ရွှင်နေတာကို တွေ့ရပါတယ်။ဖစ်ဖစ်တုန်လေးကတော့ အစ်ကိုကြီးပီသစွာနဲ့ ညီလေး၊ ညီမလေးတွေအပေါ် တာဝန်ကျေသိတတ်သူလေးတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ R ဇာနည် တို့ သားသမီးပုံရိပ်တွေကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Phit Phit Chit Chit ‘s fb
Bilie – Cele Connections

Zawgyi code



