အိမ်မှာနေရင်း မွေးနေ့မေ့နေတဲ့ခင်ပွန်းဖြစ်သူကို စပရိုက်တိုက်လိုက်တဲ့ ပိုးအိအိခန့်ရဲ့ဗီဒီယိုဖိုင်

Posted on

အိမ်မှာနေရင်း မွေးနေ့မေ့နေတဲ့ခင်ပွန်းဖြစ်သူကို စပရိုက်တိုက်လိုက်တဲ့ ပိုးအိအိခန့်ရဲ့ဗီဒီယိုဖိုင်ဂီတပိုင်းမှာကော သရုပ်ဆောင်မှုပိုင်းမှာပါကျွမ်းကျင်တဲ့ သရုပ်ဆောင်အဆိုတော်မလေး ပိုးအိအိခန့်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုးအိအိခန့်ကတော့ လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သားလေး ကိုးကို ရရှိကာ သာယာတဲ့မိသားစုဘဝလေးကိုပဲဖြတ်သန်းနေပါတယ်။ သူမကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ သားသားလေးနဲ့ပဲ အချိန်ပေးကာ ပျော်ရွှင်နေတဲ့သူတစ်ဦးပါပဲနော်။သူမရဲ့သားသားလေးနဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ကာ ပရိသတ်တွေရဲ့အချစ်ကိုပိုမိုရရှိလာတာပါပဲနော်။ ဒီနေ့မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူအောင်သူအတွက် ပိုးအိအိခန့်ကHappy Birthdayပါယောကျာ်းရေ Stay home မှာ date တွေတောင် မေ့နေတဲ့ ယောကျာ်းကိုsurprise လုပ်ရတာ အရမ်း ကျေနပ်ပါတယ်။တစ်အိမ်ထဲတူတူနေနေတော့ သူမသိအောင် အဖွဲ့လိုက် ကြံစည်ပြီး စီစဉ်ရတာ ပျော်စရာတော့ကောင်းသား၊စီစဉ်ထားတဲ့အတိုင်းလည်း အားလုံးဖြစ်တော့ အားလုံးလည်းပျော် မွေးနေ့ရှင်လည်း surprise ဖြစ်ပြီးပျော်ယောကျာ်းရေ အခု မွေးနေ့ကစပြီး ဖြစ်ချင်တာ လိုချင်တာ တောင့်တတာမှန်သမျှ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကြပါစေလို့ မိန်းမဆုတောင်းပေးပါတယ်။

ရှေ့ဆက်ရမယ့် ဘဝကြီးကို အေးအတူ ပူအမျှ တူတူရင်ဆိုင်သွားဖို့လည်း မိန်းမက အဆင်သင့်ပါ၊ကိုရယ် ဖောင်းရယ် သားလေးရယ် ဒီမိသားစုဘဝလေးလည်း အစဉ်ထာဝရ ပျော်ရွှင်အေးချမ်းသာယာပါစေလို့ ဖောင်းကို့မွေးနေ့မှာဆန္ဒပြုပါတယ်ရှင်”လို့ဆိုကာ သူမရဲ့မွေးနေ့ supriseဗီဒီယိုလေးကို CeleConnections ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း အောင်သူအတွက်မွေးနေ့ဆုမွန်ကောင်းရေးပေးခဲ့ကြပါအုံးနော်။

Soure….Poe Ei Ei Khant’sFacebook
Angella(CeleConnections)

Zawgyi code



