သူမရဲ့ သက်စေ့ အလောင်း (28) လောင်းကျော်ရဲ့ ဘဝ​နေဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို မျှဝေလေိုက်တဲ့ ရွှေပိုးအိမ်

Posted on

သူမရဲ့ သက်စေ့ (28) လောင်းကျော်ရဲ့ ဘဝ​နေဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို မျှဝေလေိုက်တဲ့ ရွှေပိုးအိမ်အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရုံသာမက ပရဟိတစိတ်အပြည့်ရှိတဲ့ သရုပ်ဆောင်မလေး ရွှေပိုးအိမ်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်မှုပိုင်းမှာသာမက ကြော်ငြာတွေမော်ဒယ်မင်းသမီးလို့တောင် ပရိသတ်တွေ တင်စားသတ်မှတ်ခေါ်ဝေါ်လေ့ရှိပါတယ်။ သူမရဲ့ အနုပညာကြေးတွေထဲကနေ ရသမျှ လေးတွေကို အလှူဒါန်းလေးလုပ်လေ့ရှိသူတစ်ဦးပဲဖြစ်ပါတယ်။ရွှေပိုးအိမ်ကတော့ အလှူဒါန်းလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်လေးတွေနဲ့ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ရွှေပိုးအိမ်က”Covid-19 ကာလမှာ နာကူ(ရန်ကုန်)မှ ဦးမောင်ရဲ့ ပရဟိတ လမ်းပြမှုတွေနဲ့အတူရွှေပိုးသက်စေ့ dead body (28) လောင်းကျော်ရဲ့ ဘဝေ နဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးခဲ့ပါပြီပြုပြု သမျှ ကုသိုလ်ကောင်းမှု အားလုံးကို အမျှ အမျှ အမျှ ပေးပါတယ် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ”လို့ဆိုကာ သူမရဲ့ ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အနုပညာအလုပ်တွေခေတ္တရပ်နားထားတဲ့ အချိန်မှာ ဝါသနာပါရာ ပရဟိတလုပ်ငန်းလေးတွေကို ကိုယ်တိုင်သွားရောက်ကာ ပါဝင်အားဖြည့်ပေးနေတာပါပဲနော်။ပရိသတ်တွေအတွက် ရွှေပိုးအိမ်ရဲ့ ဒီနေ့မှာပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်အတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါအုံးနော်။

Soure…Shwe Poe Eain’s Facebook

Zawgyi code



