နန်းဆုရတီစိုးနဲ့ ပထမဆုံး စတွေ့တဲ့နေ့အကြောင်း သီချင်းလေးရေးခဲ့ပြီး ခိုးပြီးငိုနေရတယ်ဆိုတဲ့ G Fatt
Posted on
ပရိသတ်ကြီးရေ .. Idol couple အဖြစ်ပရိသတ်တွေ အားကျချစ်ခင်ခဲ့ရတဲ့ G-fatt နဲ့နန်းဆုတို့ရဲ့ အချစ်ရေးဟာ မကြာသေးမီကာလတွေက အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးက သဘောတူပြီး ပြန်တွဲစေချင်နေကြပေမယ့်လည်း သူတို့နှစ်ဦးကတော့ နှစ်ယောက်ထဲသိတဲ့အဆင်မပြေမှုတွေအတွက် ရှေ့ဆက်ဖို့မဖြစ်နိုင်တော့လို့ အေးချမ်းစွာလမ်းခွဲခဲ့တာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ် ။ဒါပေမယ့် အင်တာဗျူးတွေမှာတော့ မျက်ရည်တွေအဝဲသားနဲ့ဖြေဆိုခဲ့ကြတဲ့ သူတို့နှစ်ဦးကြောင့် ချစ်ရက်နဲ့ လမ်းခွဲကြတာလားလို့ ပရိသတ်တွေကထင်ကြေးပေးနေကြပါတယ် ။ လတ်တလောမှာတော့ လွန်ခဲ့တဲ့ (၂၀၁၆)ခုနှစ် ဂျူလိုင်လ (၁၆) ရက်နေ့က ပထမဆုံး အနုပညာတွဲလုပ်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံလေးရဲ့အောက်မှာဟိုးအရင်က ကျွန်တော်က သတို့သား သူမက သတို့သမီးလို ဝတ်ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုကြည့်ကာ ခိုးပြီးငိုရင်း နောက်ဆုံးတော့ G-fatt တို့ပဲ အငြိုးကြီးသလို ဖြစ်ဆိုတဲ့ နာရတဲ့ကဗျာ သီချင်းထဲက သီချင်းစာသားလေးကို ပြန်လည်ရေးသားခဲ့တာပါ ။ ပရိသတ်တွေက ဝင်ရောက်မှတ်ချက်ပေးကြတဲ့အချိန်မှာတော့G-fatt က သူ့ရဲ့ Comment ကိုဖျက်သွားခဲ့တာပဲဖြစ်ပါတယ် ။ပရိသတ်တွေကတော့ G-fatt တစ်ယောက်ကို နန်းဆုကိုမမေ့နိုင်သေးဘဲ ချစ်နေဆဲ ဖြစ်မယ်လို့ထင်ကြေးတွေပေးနေကြတာလည်းတွေ့ရပါတယ် ။ ပြန်အဆင်ပြေစေချင်နေတဲ့ ပရိသတ်တွေလည်း ရှိသလို ထပ်မလွမ်းသင့်တော့ဘူးလို့ တားနေကြတဲ့ ပရိသတ်တွေလည်းရှိနေပါတယ် ။
Zawgyi code