အရာရာပျက်စီးပြီး ဘဝအသစ်ကိုပြန်စနေရတဲ့အချိန်မှာတည်ငြိမ်နေပြီဖြစ်ကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

Posted on

Melody World သီချင်းဆိုပြိုင်ပွဲကနေ လူသိများထင်ရှားလာတဲ့ အဆိုတော်ချမ်းချမ်းဟာ သူမရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေများစွာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းက သူမဘဝမှာ ကြုံဆုံခဲ့ရတာတွေကို အကောင်းဆုံးပြင်ဆင်ပြီး နေထိုင်နေကြောင်း အခုလိုပဲ ပြောလာပါတယ်။ “အရင်တုန်းကမတွေးမိတဲ့အတွေးတွေဟာအသက်အရွယ်ရလာတဲ့အခါ…ဘဝဖြတ်သန်းပုံအနေအထားပေါ်မူတည်ပြီးသိလာမြင်တတ်လာတယ်။”“အခုဆိုဘာတွေပဲဖြစ်လာလာ ကြုံလာသမျှကိုပြုံးပြုးံလေးနဲ့တုံ့ပြန်ဖို့ပဲပြင်ဆင်ဖြစ်တော့တယ်။ ဒါဟာ ကျမဘဝရဲ့အတွေ့အကြုံကိုကျမကိုယ်တိုင်သင်ခန်းစာပြန်ယူနိုင်ခဲ့လို့ အခုလိုအရာရာပျက်စီးပြီးဘဝအသစ်ကိုပြန်စနေရတဲ့အချိန်မှာတည်ငြိမ်နေတာပါပဲ။ ဘဝဆိုတာခံယူတတ်ရင်နေတတ်ရင်သေပျော်ပါတယ်။ ရန်သူနည်းအောင်နေ သူများအကြောင်းစိတ်မဝင်စားနဲ့ တွေ့တိုင်းအလိုချင်မဝယ်ချင်နဲ့ ရှိတာနဲ့လောက်အောင်သုံး။ သူတပါးကိုအားမကျနဲ့ မနှိူင်းနဲ့။ ဒါဆို ဘာပဲပြောပြော ခံသာတယ်။ အကုသိုလ်နည်းလာမယ်။”“ဘယ်သူမှမိသားစုမပြိုကွဲချင်ဘူး။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ပဲချစ်စေချင်တာပေါ့။ ဒါပေမဲ့ကိုယ့်အနား နေမပျော် ကြတော့တဲ့အခါမျိုးမှာ ဘယ်သူမှမစွန့်လွတ်ချင်ဘူး။ ဖြစ်လာတော့လဲ ဘယ်တတ်နိုင်မလဲ..လက်လျော့ အရူးံပေးစွန့်လွတ်ရုံကလွဲလို့တခြားနည်းလမ်းမရှိ။ သူတို့တေပျော်သွားရင်တော့လက်လွှတ်လိုက်ရကျိူးနပ်တာပေါ့လေ။ ဘယ်သူမှရင်မနာရပဲပြီးသွားတဲ့ဇာတ်ဆိုတာမရှိဘူး။ အနည်းဆုံးတော့ သစ္စာဖောက်ခံရသူတေက အကြီးအကျယ်နစနာကြသူတွေပဲ။ ဒါပေမဲ့ အဆိုးထဲကအကောင်းရွေးရင် ကိုယ်ဟာသူ့အတွက်တသက်စာလက်တွဲဖော်မဖြစ်ထိုက်လို့ ဘုရားသခင်ကဖယ်လိုကတ်ယ်လို့ပဲတွေးလိုက်ပါတယ်။” ဆိုပြီး ပြောလာပါတယ်။ချမ်းချမ်းကတော့ လက်ရှိမှာ သူမရဲ့သမီးလေးနဲ့အတူတူ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း နေ့ရက်တိုင်းကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Source: Chan Chan’s fb

Zawgyi code

Melody World သီခ်င္းဆိုၿပိဳင္ပြဲကေန လူသိမ်ားထင္ရွားလာတဲ့ အဆိုေတာ္ခ်မ္းခ်မ္းဟာ သူမရဲ႕ ဘဝတစ္ေလွ်ာက္ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြမ်ားစြာရွိခဲ့တာပဲ ျဖစ္ပါတယ္။ ခ်မ္းခ်မ္းက သူမဘဝမွာ ႀကဳံဆုံခဲ့ရတာေတြကို အေကာင္းဆုံးျပင္ဆင္ၿပီး ေနထိုင္ေနေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “အရင္တုန္းကမေတြးမိတဲ့အေတြးေတြဟာအသက္အ႐ြယ္ရလာတဲ့အခါ…ဘဝျဖတ္သန္းပုံအေနအထားေပၚမူတည္ၿပီးသိလာျမင္တတ္လာတယ္။”

“အခုဆိုဘာေတြပဲျဖစ္လာလာ ႀကဳံလာသမွ်ကိုၿပဳံးျပဳးံေလးနဲ႔တုံ႔ျပန္ဖို႔ပဲျပင္ဆင္ျဖစ္ေတာ့တယ္။ ဒါဟာ က်မဘဝရဲ႕အေတြ႕အႀကဳံကိုက်မကိုယ္တိုင္သင္ခန္းစာျပန္ယူႏိုင္ခဲ့လို႔ အခုလိုအရာရာပ်က္စီးၿပီးဘဝအသစ္ကိုျပန္စေနရတဲ့အခ်ိန္မွာတည္ၿငိမ္ေနတာပါပဲ။ ဘဝဆိုတာခံယူတတ္ရင္ေနတတ္ရင္ေသေပ်ာ္ပါတယ္။ ရန္သူနည္းေအာင္ေန သူမ်ားအေၾကာင္းစိတ္မဝင္စားနဲ႔ ေတြ႕တိုင္းအလိုခ်င္မဝယ္ခ်င္နဲ႔ ရွိတာနဲ႔ေလာက္ေအာင္သုံး။ သူတပါးကိုအားမက်နဲ႔ မႏွိူင္းနဲ႔။ ဒါဆို ဘာပဲေျပာေျပာ ခံသာတယ္။ အကုသိုလ္နည္းလာမယ္။”

“ဘယ္သူမွမိသားစုမၿပိဳကြဲခ်င္ဘူး။ ကိုယ္ခ်စ္တဲ့သူကို ကိုယ့္ပဲခ်စ္ေစခ်င္တာေပါ့။ ဒါေပမဲ့ကိုယ့္အနား ေနမေပ်ာ္ ၾကေတာ့တဲ့အခါမ်ိဳးမွာ ဘယ္သူမွမစြန႔္လြတ္ခ်င္ဘူး။ ျဖစ္လာေတာ့လဲ ဘယ္တတ္ႏိုင္မလဲ..လက္ေလ်ာ့ အ႐ူးံေပးစြန႔္လြတ္႐ုံကလြဲလို႔တျခားနည္းလမ္းမရွိ။ သူတို႔ေတေပ်ာ္သြားရင္ေတာ့လက္လႊတ္လိုက္ရက်ိဴးနပ္တာေပါ့ေလ။ ဘယ္သူမွရင္မနာရပဲၿပီးသြားတဲ့ဇာတ္ဆိုတာမရွိဘူး။ အနည္းဆုံးေတာ့ သစၥာေဖာက္ခံရသူေတက အႀကီးအက်ယ္နစနာၾကသူေတြပဲ။ ဒါေပမဲ့ အဆိုးထဲကအေကာင္းေ႐ြးရင္ ကိုယ္ဟာသူ႔အတြက္တသက္စာလက္တြဲေဖာ္မျဖစ္ထိုက္လို႔ ဘုရားသခင္ကဖယ္လိုကတ္ယ္လို႔ပဲေတြးလိုက္ပါတယ္။” ဆိုၿပီး ေျပာလာပါတယ္။

ခ်မ္းခ်မ္းကေတာ့ လက္ရွိမွာ သူမရဲ႕သမီးေလးနဲ႔အတူတူ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ရင္း ေန႔ရက္တိုင္းကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Source: Chan Chan’s fb