ချစ်သူသက်တမ်း (၇)လပြည့်မှာ ချစ်သူဆီက Romantic ဆန်ဆန် လက်ဆောင် ရရှိခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေ

Posted on

ချစ်သူသက်တမ်း (၇)လပြည့်မှာ ချစ်သူဆီက Romantic ဆန်ဆန် လက်ဆောင် ရရှိခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေမင်းသမီးချောလေး ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေမှာသာမက ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်ကျိုးစွန့် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ ဘဝကို အအေးချမ်းဆုံးဖြတ်သန်းနေသလို သူမရဲ့ ချစ်သူလေးကလည်း သူမနံဘေးနားကနေ အစစအရာရာ ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်တူကိုယ်တူနဲ့ အများအကျိုးသယ်ပိုးနေတဲ့ ခိုင်နှင်းဝေတို့အတွဲလေးကို ချစ်ခင်အားပေးကြပါတယ်။ဒီကနေ့ မေလ (၂၉) ရက်နေ့ကတော့ ခိုင်နှင်းဝေတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၇)လတိတိပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်းနှင်းဝေက သူမတို့ရဲ့ Anniversary နေ့လေးမှာ ဘောလုံးလေးတွေနဲ့ လှလှပပလက်ဆောင်ရခဲ့လို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ခိုင်နှင်းဝေတို့ စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ချစ်လာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း တစ်နှစ်နီးပါးတောင် ရှိပြီပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတို့ စုံတွဲလေး ပရဟိတအလုပ်တွေ အတူတူလုပ်ရင်း နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

Zawgyi code



