ပရိသတ်တွေအားမကျပဲ မနေနိုင်တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်

Posted on

ပရိသတ်တွေအားမကျပဲ မနေနိုင်တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ သားဂန်းဟာ သီချင်းဆိုကောင်းရုံသာမကပဲ မင်းသားတစ်ယောက်လို ရုပ်ရည်လည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ပါပဲ။ မိန်းကလေးတွေ ကြွေချင်လောက်စရာ အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ သားဂန်းကတော့ ပိုင်ရှင်ရှိပြီးသားသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပိုင်ရှင်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ သရုပ်ဆောင် ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ မနဲ့မောင်ဇာတ်လမ်းလေးတွေရှိတဲ့ သားဂန်းနဲ့ ဘေဘီမောင်က သူတို့နှစ်ယောက်ရဲ့ အတွဲပုံလေးကို မြင်ချင်နေကြတဲ့ ပရိသတ်တွေအတွက် အခုလိုပဲ စုံတွဲပုံလေးတွေကို ချပြလာပါတယ်။ ပရိသတ်ကြီးအတွက် ရိုးရှင်းပြီး ကြည်နူးစရာကောင်းတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။သားဂန်းနဲ့ ဘေဘီမောင်ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိတဲ့ ဖေးမကူညီလာတာ အခုချိန်ထိပဲ ဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲလေးလည်း ပရိသတ်မြင်ချင်ကြသလို အမြန်ဆုံး နှစ်ယောက်တစ်ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Gan’s fb
Bilie – Cele Connections

Zawgyi code




Source: Thar Gan’s fb