လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ ဘွဲ့ရတဲ့ထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပြန်လည် လုပ်ကျွေးခွင့်ရလို့ ကျေးဇူးတင်မိတယ်ဆိုတဲ့ နေယံ
Posted on
လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ ဘွဲ့ရတဲ့ထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပြန်လည် လုပ်ကျွေးခွင့်ရလို့ ကျေးဇူးတင်မိတယ်ဆိုတဲ့ နေယံနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသား နေယံကိုတော့ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ ကိုယ်ပိုင်ယောက်ျားလေး အဝတ်အစားဆိုင်ဖွင့်ကာ စီးပွားရေးအလုပ်တွေကိုပဲ လုပ်ကိုင်နေသူပဲဖြစ်ပါတယ်.။ စီးပွားရေးအတွက် ရုန်းကန်လှုပ်ရှားနေပေမယ့် ချစ်ရတဲ့ မိဘနှစ်ပါးကို ပြန်လည်ပြုစု စောင့်ရှောက်ခွင့်ရလို့ ပျော်နေတဲ့သူပါ။တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေပြီး ချစ်ရတဲ့ မိဘနှစ်ပါးကို စောင့်ရှောက်ကာ နေထိုင်နေသူ နေယံကတော့ ဒီနေ့ မေလ (၂၉)ရက်နေ့မှာ “သားသမီးတွေကို လယ်ယာလုပ် ခြံစိုက်ပျိုး စျေးရောင်းပြီး ဘွဲ့ရတဲ့အထိ တက်နိုင်တာ အစွမ်းကုန် ကြိုးစားရှာဖွေပြုစုစောင့်ရှောက်ခဲ့တာ အရမ်းပင်ပန်းခဲ့တယ် ။ ဒီချိန်မှာ ဒီလောက်လေးပြုစုခွင့်ရတာလေးကို ဘဝမှာအလိုချင်ဆုံးအရာပါ ။ ကျန်တာတွေ အရမ်းမမက်မောပါဘူး။ အိပ်ခန်းထဲတောင်သွားမအိမ်တော့ဘူး ။ ကလေးနှစ်ယောက် တစ်နေ့တစ်နေ့ ပြောလိုက်တဲ့စကားတွေ ခုမှတွေ့တာကြနေတာပဲ နှစ်ယောက်သား ခုတော့ အိပ်ပျော်သွားကြပြီး.။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ငယ်စဉ်ကလေးဘဝက လယ်ယာအလုပ်တွေ လုပ်ကိုင်ပြီး ဘွဲ့ရတဲ့အထိသူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးအတွက် ပြန်လည် ကျေးဇူးဆပ်ကာ ပြုစုခွင့်ရလို့ ကျေးဇူးတင်မိတဲ့ အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။ပရိသတ်ကြီးလည်း မိဘကို ပြန်လည် လုပ်ကျွေးခွင့်ရလို့ ပျော်ရွှင်နေတဲ့ သားလိမ္မာလေး နေယံကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။Source: Nay Yan’s Facebook
Zawgyi code