ရောဂါကင်းစင်ကာ ဆေးရုံကနေ ဆင်းခွင့်ရတဲ့ အချိန်ကနေ အခုမှ သမီးဖြစ်သူတို့နဲ့ ဇနီးသည်တို့နဲ့အတူ ပြန်လည်ဆုံတွေ့ရလို့ ပျော်နေတဲ့ နီတာရဲ့ ဗီဒီယိုဖိုင်

Posted on

ရောဂါကင်းစင်ကာ ဆေးရုံကနေ ဆင်းခွင့်ရတဲ့ အချိန်ကနေ အခုမှ သမီးဖြစ်သူတို့နဲ့ ဇနီးသည်တို့နဲ့အတူ ပြန်လည်ဆုံတွေ့ရလို့ ပျော်နေတဲ့ နီတာရဲ့ ဗီဒီယိုဖိုင်Covid 19 ပိုး တွေ့ရှိလို့ ဝေဘာဂီ ဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့ အဆိုတော် နီတာကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကံကောင်းကာ တစ်ယောက်တည်း Positive ဖြစ်ခဲ့ပေမယ့် မိသားစုဝင်တွေကတော့ Negative ဖြစ်ကာ Stay Home နေကာ ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်.။ ကိုယ်တိုင် ပိုးတွေ့ရှိသူ ဖြစ်ပေမယ့် စနစ်တကျနဲ့ ဆရာဝန်နဲ့ ဆရာမများရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာ ခဲ့လို့ လတ်တလောကမှ ဝေဘာဂီ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ ပါတယ်။ဝေဘာဂီဆေးရုံက မဆင်းခင် တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြတဲ့ လေးစားဖွယ် ရှေ့တန်းက ဆရာဝန်နဲ့ ဆရာမများအတွက် ဂုဏ်ပြုသီချင်း ဆိုကာ နှုတ်ဆက်ခဲ့ပြီး လိုအပ်နေတဲ့ သွေးရည်ကြည် လှူဒါန်းမှုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဒီနေ့ မေလ (၃၀)ရက်နေ့မှာတော့ နီတာက သမီးလေးနှစ်ယောက်နဲ့အတူ ဇနီးသည်တို့ကို ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပြီမို့ ပျော်ရွှင်နေတဲ့ သူ့ရဲ့ ခံစားချက်တွေကို “အချစ်ဆုံးလေး သုံးယောက်နဲ့ အခုဆုံရပါပြီ.။ အရမ်းချစ်တယ်နော်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။သမီးငယ်လေးရဲ့ သူ့ကို တွေ့တွေ့ခြင်း ပြေးဖက်ကာ အနားကမခွာဘဲ ဖက်ထားတာကြောင့် ပျော်ရွှင်နေတဲ့နီတာတို့ မိသားစုလေးရဲ့ မြင်ကွင်းလေးကတော့ ကြည်နူးစရာလေးပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း အပျော်ကူးစက်ရအောင် နီတာတို့ မိသားစုလေး ပြန်လည် ဆုံတွေ့နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Ni Tar Vocalist’s Facebook

Zawgyi code

ေရာဂါကင္းစင္ကာ ေဆး႐ုံကေန ဆင္းခြင့္ရတဲ့ အခ်ိန္ကေန အခုမွ သမီးျဖစ္သူတို႔နဲ႔ ဇနီးသည္တို႔နဲ႔အတူ ျပန္လည္ဆုံေတြ႕ရလို႔ ေပ်ာ္ေနတဲ့ နီတာရဲ႕ ဗီဒီယိုဖိုင္Covid 19 ပိုး ေတြ႕ရွိလို႔ ေဝဘာဂီ ေဆး႐ုံမွာ ကုသမႈခံယူခဲ့တဲ့ အဆိုေတာ္ နီတာကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ကံေကာင္းကာ တစ္ေယာက္တည္း Positive ျဖစ္ခဲ့ေပမယ့္ မိသားစုဝင္ေတြကေတာ့ Negative ျဖစ္ကာ Stay Home ေနကာ ျဖတ္သန္းခဲ့တာပဲျဖစ္ပါတယ္.။ ကိုယ္တိုင္ ပိုးေတြ႕ရွိသူ ျဖစ္ေပမယ့္ စနစ္တက်နဲ႔ ဆရာဝန္နဲ႔ ဆရာမမ်ားရဲ႕ ၫႊန္ၾကားခ်က္အတိုင္းလိုက္နာ ခဲ့လို႔ လတ္တေလာကမွ ေဝဘာဂီ ေဆး႐ုံကေန ဆင္းခြင့္ရရွိခဲ့ ပါတယ္။

ေဝဘာဂီေဆး႐ုံက မဆင္းခင္ တာဝန္ေက်ပြန္စြာ ေဆာင္႐ြက္ေနၾကတဲ့ ေလးစားဖြယ္ ေရွ႕တန္းက ဆရာဝန္နဲ႔ ဆရာမမ်ားအတြက္ ဂုဏ္ျပဳသီခ်င္း ဆိုကာ ႏႈတ္ဆက္ခဲ့ၿပီး လိုအပ္ေနတဲ့ ေသြးရည္ၾကည္ လႉဒါန္းမႈကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ ဒီေန႔ ေမလ (၃၀)ရက္ေန႔မွာေတာ့ နီတာက သမီးေလးႏွစ္ေယာက္နဲ႔အတူ ဇနီးသည္တို႔ကို ျပန္လည္ ေတြ႕ဆုံခြင့္ရခဲ့ၿပီမို႔ ေပ်ာ္႐ႊင္ေနတဲ့ သူ႔ရဲ႕ ခံစားခ်က္ေတြကို “အခ်စ္ဆုံးေလး သုံးေယာက္နဲ႔ အခုဆုံရပါၿပီ.။ အရမ္းခ်စ္တယ္ေနာ္”ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။

သမီးငယ္ေလးရဲ႕ သူ႔ကို ေတြ႕ေတြ႕ျခင္း ေျပးဖက္ကာ အနားကမခြာဘဲ ဖက္ထားတာေၾကာင့္ ေပ်ာ္႐ႊင္ေနတဲ့နီတာတို႔ မိသားစုေလးရဲ႕ ျမင္ကြင္းေလးကေတာ့ ၾကည္ႏူးစရာေလးပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း အေပ်ာ္ကူးစက္ရေအာင္ နီတာတို႔ မိသားစုေလး ျပန္လည္ ဆုံေတြ႕ေနတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source: Ni Tar Vocalist’s Facebook