အရင်နဲ့မတူတော့ပဲ ပြောင်းလဲသွားတဲ့ သူမရဲ့အကြောင်းအရင်းမှန်ကို ပြောပြလိုက်တဲ့ နန်းဆုရတီစိုး
Posted on
အရင်နဲ့မတူတော့ပဲ ပြောင်းလဲသွားတဲ့ သူမရဲ့အကြောင်းအရင်းမှန်ကို ပြောပြလိုက်တဲ့ နန်းဆုရတီစိုးဖြူဝင်းကြည်လင်တဲ့ အသားအရည်လေးနဲ့ ကိုရီးယားမလေးလိုလှတဲ့ နန်းဆုရတီစိုးဟာ သရုပ်ဆောင် အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော်တိုင်ရှိပြီ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအောင်မြင်လာတဲ့နန်းဆုရတီစိုးက အခုဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမာခံပရိသတ်တွေအများအပြား ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရတီစိုးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် အချစ်ရေးကိစ္စကိုလည်း စိတ်ဝင်တစား ရှိကြတာကို တွေ့ရပါတယ်။ဒီတစ်ခေါက်မှာတော့ နန်းဆုရတီစိုးက ပရိသတ်တွေစိတ်ဝင်စားနေတဲ့ သူမရဲ့အကြောင်းနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။ နန်းဆုက “မေးကြတယ်။ အရမ်းချစ်မိသွားလို့ ပြောင်းလဲသွားတာလားတဲ့။ ဟင့်အင်း အချစ်ခံရလွန်းလို့ ပြောင်းလဲလာမိတာလို့။ ပြန်စဉ်းစားမိတော့.. ဘုရားရေ.. ၂ ခုလုံးကြောင့် ပြောင်းလဲလာမိတာဖြစ်နေပါလား” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။နန်းဆုရတီစိုးကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ရင့်ကျက်တည်ငြိမ်မှုရှိပြီး ပိုလှလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ပြောင်းလဲရင့်ကျက်သွားတဲ့ နန်းဆုကို အရင်ကထက် ပိုချစ်နေကြမယ်လို့ ထင်ပါတယ်နော်။
Source: Nansu Yati Soe’s fb
Zawgyi code