ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ ကို သေဆုံးလျှက်တွေ့ရှိ

Posted on

ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ ကို သေဆုံးလျှက်တွေ့ရှိကရင်ပြည်နယ် က ဇွဲကပင်တောင်မှာ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို တောင်စောင်းတစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းက သေဆုံးလျှက် တွေ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဆီကသိရပါတယ်။မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဲ့ဒီကျောင်းသူရဲ့ ဆိုင်ကယ်သော့တွေ့ရှိတဲ့နေရာတစ်ဝိုက်ကို ဒရုန်းအသုံးပြုကာ ရှာဖွေရာမှာတော့ တောင်စောင်းတစ်နေရာမှာ ကျောင်းသူရဲ့ အလောင်းကိုတွေ့ရှိခဲ့တာပါ။လက်ရှိမှာ တော့ မီးသတ်တပ်ဖွဲ့က အလောင်းတွေ့ရာ နေရာကို ဆင်းကာ သယ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဘားအံတက္ကသိုလ်မှာပညာသင်ကြားနေတဲ့ သတ္တဗေဒ ဂုဏ်ထူးတန်း ပထမနှစ်ကျောင်းသူဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ညနေပိုင်းက ဇွဲကပင်တောင်ကို တစ်ယောက်တည်း တက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက် နေထိုင်ရာအဆောင်ကို ပြန်မရောက်လာတဲ့အတွက် မိခင်ဖြစ်သူကိုယ်တိုင်က ရဲစခန်းမှာ လူပျောက်တိုင်တန်းချက် ဖွင့်ခဲ့တာပါ။ကျောင်းသူရဲ့ ဖိနပ်နဲ့ ဆိုင်ကယ်သော့ကို တောင်တက်လမ်းရဲ့ တစ်နေရာစီမှာ တွေ့ရှိခဲ့ရပြီး အခုဒီမနက်မှာတော့ ဆိုင်ကယ်သော့တွေ့ရှိတဲ့ တောင်ကမ်းပါးစွန်းရဲ့ နေရာကို ရှာဖွေမှုပြုလုပ်ရမှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆဲဗင်းဒေး

Zawgyi code

ဇြဲကပင္ေတာင္မွာ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူ ကို ေသဆုံးလွ်က္ေတြ႕ရွိကရင္ျပည္နယ္ က ဇြဲကပင္ေတာင္မွာ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူကို ေတာင္ေစာင္းတစ္ေနရာမွာ ဒီကေန႔ မနက္ပိုင္းက ေသဆုံးလွ်က္ ေတြ႕ရတယ္လို႔ ရွာေဖြကယ္ဆယ္ေရးလုပ္ေဆာင္ေနတဲ့ မီးသတ္တပ္ဖြဲ႕ဆီကသိရပါတယ္။

မီးသတ္တပ္ဖြဲ႕အပါအဝင္ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြက အဲ့ဒီေက်ာင္းသူရဲ႕ ဆိုင္ကယ္ေသာ့ေတြ႕ရွိတဲ့ေနရာတစ္ဝိုက္ကို ဒ႐ုန္းအသုံးျပဳကာ ရွာေဖြရာမွာေတာ့ ေတာင္ေစာင္းတစ္ေနရာမွာ ေက်ာင္းသူရဲ႕ အေလာင္းကိုေတြ႕ရွိခဲ့တာပါ။

လက္ရွိမွာ ေတာ့ မီးသတ္တပ္ဖြဲ႕က အေလာင္းေတြ႕ရာ ေနရာကို ဆင္းကာ သယ္ယူဖို႔ လုပ္ေဆာင္ေနပါတယ္။ ဘားအံတကၠသိုလ္မွာပညာသင္ၾကားေနတဲ့ သတၱေဗဒ ဂုဏ္ထူးတန္း ပထမႏွစ္ေက်ာင္းသူဟာ ၿပီးခဲ့တဲ့ ဇြန္ ၂၅ ညေနပိုင္းက ဇြဲကပင္ေတာင္ကို တစ္ေယာက္တည္း တက္ခဲ့တာလို႔သိရပါတယ္။

အဲ့ဒီေနာက္ ေနထိုင္ရာအေဆာင္ကို ျပန္မေရာက္လာတဲ့အတြက္ မိခင္ျဖစ္သူကိုယ္တိုင္က ရဲစခန္းမွာ လူေပ်ာက္တိုင္တန္းခ်က္ ဖြင့္ခဲ့တာပါ။

ေက်ာင္းသူရဲ႕ ဖိနပ္နဲ႔ ဆိုင္ကယ္ေသာ့ကို ေတာင္တက္လမ္းရဲ႕ တစ္ေနရာစီမွာ ေတြ႕ရွိခဲ့ရၿပီး အခုဒီမနက္မွာေတာ့ ဆိုင္ကယ္ေသာ့ေတြ႕ရွိတဲ့ ေတာင္ကမ္းပါးစြန္းရဲ႕ ေနရာကို ရွာေဖြမႈျပဳလုပ္ရမွာ အေလာင္းကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဆဲဗင္းေဒး