ချစ်ရတဲ့ မကြီးစိုးကို အလယ်မှာထားပြီး အပီအပြင်ရန်တွေ့နေကြတဲ့ စန္ဒီမြင့်လွင့်နဲ့ စိုးပြည့်သဇင်တို့ညီအမနှစ်ယောက်ရဲ့ ရယ်စရာ ဗီဒီယိုလေး
Posted on
ချစ်ရတဲ့ မကြီးစိုးကို အလယ်မှာထားပြီး အပီအပြင်ရန်တွေ့နေကြတဲ့ စန္ဒီမြင့်လွင့်နဲ့ စိုးပြည့်သဇင်တို့ညီအမနှစ်ယောက်ရဲ့ ရယ်စရာ ဗီဒီယိုလေးမင်းသမီးချောလေးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ ညီအစ်မတွေပဲ ဖြစ်ကြပါတယ်။ စိုးညီအစ်မတွေလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ကြတဲ့ သူမတို့တွေကတော့ပရိသတ်တွေရဲ့အချစ်ကို အရယူထားနိုင်တာ ဖြစ်ပါတယ်။ စိုးညီအစ်မတွေက အနုပညာအလုပ်တွေအပြင် ပိုးထည်ဆိုင်လေးတစ်ခုတည်ထောင်ပြီး ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပျော်ပျော်နေကြတဲ့ စိုးညီအစ်မတွေက အခုလည်း လူစုံတုန်း အခွီပုံစံ Tik Tok လေးကစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ညီအစ်မနှစ်ယောက်က မကြီးစိုးကို အလယ်မှာထားပြီး အပီအပြင်ရန်ဖြစ်နေကြတာပဲဖြစ်ပါတယ်။ တစ်ယောက်တစ်ခွန်းစီ ရန်တွေ့နေကြတဲ့ စိုးပြည့်တို့နှစ်ယောက်ကြားမှာ နေနေရတဲ့ မကြီးစိုးရဲ့အိုင်တင်တွေကတော့ တကယ့်ကိုရယ်နေရတာပဲ ဖြစ်ပါတယ်။ မကြီးစိုးက “မနက်က ညီအစ်မတွေဘုန်းကြီးကျောင်းမှာ ကုသိုလ် ကောင်းမှု သွားလုပ်ကြတယ်ပေါ့လေ ဘုန်းဘုန်းကြွမလာခင် ညီအစ်မ နှစ်ယောက်ကြားမှာ ကြီးကောင်ကြီးမားနဲ့ ဝင်ကြိတ်ထားတဲ့ ဟာလေးက ရယ်စရာကောင်းနေလို့ ကျွန်မတို့ကို ချစ်တဲ့ သူတွေပါ ရယ်ရအောင် ဒီနေရာကနေ ဝေမျှလိုက်ပါတယ်နော် (တစ်ခါပဲ ရိုက်တဲ့၃ယောက်စကေးက တော်ရုံတော့ မဟုတ်မရယ်တဲ့ လူကတော့ အကောင်ဘဲ ) ” ဆိုပြီး ဗီဒီယိုလေးကိုတင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ စိုးညီအစ်မသုံးယောက်ရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..။
ဗီဒီယိုကြည့်ရန်
Zawgyi code