အန္တရာယ်အရှိဆုံးစာရင်းဝင် ချယ်ရီထက်ရဲ့ ကြောက်မက်ဖွယ်တိုက်ကွက်များ..(ရုပ်သံ)

Posted on

အန္တရာယ်အရှိဆုံးစာရင်းဝင် ချယ်ရီထက်ရဲ့ ကြောက်မက်ဖွယ်တိုက်ကွက်များ..(ရုပ်သံ)သူမအမည် ချယ်ရီထက်လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ် သက်တော်စောင့် ရဲမေ ချယ်ရီထက် ပစ်မှတ်ကို ၉၉%ထိအောင်ပစ်နိုင်သူ။ဒီခလေးမကို စောင့်ကြည့်နေတာ အမေ့နားမှာကိုလင်းလင်းမရှိတဲ့အချိန်ထဲကပဲ။စစ်အာဏာရှင်တွေမွေးထုတ်ပေးလိုက်တဲ့ အထူးတပ်ဖွဲ့ထဲကမို့ အမေ့နားရောက်တော့ ပိုလို့သတိထားစောင့်ကြည့်မိတယ်။မယုံရဲတဲ့စိတ်နဲ့ပဲကိုယ့်မှာမချီးကျူးးရဲခဲ့ဘူး။ခုတော့ဒေါ်လဲ့လဲ့မော်နဲ့ကိစ္စမှာ ဒီခလေးမလေးကို အပြစ်ပြောတဲ့သူတွေ တွေ့လာရတော့ မြင်သလောက်လေး ဒီခလေးမဘက်ကရပ်တည်ပေးချင်လာမိတယ်။အမေသွားတဲ့ခရီးစဉ်တိုင်းဘယ်ဝန်ကြီ းချုပ်မှ လေယာဉ်ပေါ်အထိတက်ကြိုတာ မတွေ့ခဲ့ရဘူးသလိုပဲ။မမြင်လိုက်မိတာလည်းဖြစ်မှာပါ။အပြစ်ကို ဖုံးကွယ်ချင်လို့ ဖားတဲ့အနေနဲ့ဝန်ကြီးချုပ်ပဲ လေယာဉ်ပေါ်ထိတက်ချင်သလိုတက်မယ်၊ဆင်းချင်သလိုဆင်းမယ်ဆိုပြီး လုံခြုံ ရေးချိုးဖောက်ရလောက်တဲ့အထိဖြစ်လာတော့ဒီခလေးမအမြင်ကတ်သွားပုံရပါတယ်။အမေ့နားမှာနေသူမို့အမေ့စိတ်ကိုသိနေသူမို့ဒီလိုအလုပ်တွေကိုအမေမကြိုက်မှန်းသိနေသူဆိုတော့ မျက်နှာအမူအရာကအစ လူပြောစရာဖြစ်သွားခဲ့ရတယ်။ကျွန်တော်ကတော့ ရှင်းတယ်။ဒေါ်လဲ့လဲ့မော်ကို နောက်ကမဲ့ပြရုံမကလို့ လှေကားကပါကန်ချခဲ့ရင်တောင်ဒီခလေးမကို အပြစ်မြင်မိမှာမဟုတ်ဘူးဘာလို့လည်းဆိုတော့ဒီခလေးမ အမေ့ပေါ်ထားတဲ့စိတ်ထားဟာတာဝန်ဆိုတာထက် အမေ့ပေါ်ထားတဲ့ နွေးထွေးတဲ့မေတ္တာတရားကို မြင်နေမိလို့တေကန်တော်တို့တွေ အမေ့အတွက် ခရီးစဉ်တိုင်းမှာစိတ်ပူတာထက်ဒီခလေးမကပိုတယ်။ကျွန်တော်တို့တွေ အမေ့ရဲ့ကျန်းမာရေးမကောင်းဖြစ်မှာကို စိုးရိမ်တာထက် ဒီခလေးမကပိုစိုးရိမ်တယ်။ဘာလို့ပြောလည်းဆိုတော့ အမေ့ခရီးစဉ်တိုင်းမှာ ဒီခလေးမ အမေ့အပေါ်ပြုစုစောင့်ရှောက်တဲ့ပုံလေးတွေ တက်လာတာကြောင့်ပဲ။အပေါ်ယံလားဆိုပြီး ပုံလေးတွေကိုသေချာကြည့်မိပြန်တော့ရင်ထဲကလာတဲ့ အမေ့အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာကိုတွေ့လိုက်ရတယ်။အမေနေပူတဲ့အခါ ကိုယ်နဲ့ ကွယ်ပေးတာတွေ၊ ခမောက်လေးတွေယူပြီး အကာအကွယ်ပေးတာတွေ၊ ခန္ဓာကိုယ်နဲ့ အမေ့ခုံလေး လဲသွားမှာကို တွန်းအားပေးထားတာတွေ၊ လှေကားထစ်တွေ တက်တိုင်း အမေ့ခြေလှမ်းယိုင်လဲသွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေတာတွေ၊ ရေဆိုရေ မီးဆိုမီး အမေတောင်းစရာမလိုအောင် အလိုက်တသိ အရံသင့်အနားက လုပ်ပေးနေတာတွေက ကိုယ်ရံတော်ဆိုတာထက် ပိုတယ်။

တနည်းပြောရရင် ကျွန်တော်တို့ အမေ့ကို ချစ်တယ်ဆိုတာထက် သူကပိုပါတယ်။ဒါကြောင့်ဒေါ်လဲ့လဲ့မော်ကို မဲ့ပြရုံမကလို့ နောက်က ကန်ချခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်လို့ အနေအထိုင်မတက်လို့ ကန်ချခံရတာလို့ပဲ မြင်မိမှာ။ဒီခလေးမလေး ကိုတော့ အပြစ်မြင်မိမှာမဟုတ်ဘူးဘာကြောင့်လည်းဆိုတော့ အမေ့ အပေါ်ထားတဲ့ ဒီခလေးမရဲ့မေတ္တာစေတနာက ကျုပ်တို့ထက်သာလို့ပဲ။ချယ်ရီထက်နဲ့ပတ်သက်ပြီး ရေးသားခဲ့ကြတဲ့ စာလေးကိုလည်းမျှဝေပေးလိုက်ပါတယ်။