သုံးယောက်အတူ ညစာစားရင်းပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ မိုးယုစံတို့မိသားစု
Posted on
သုံးယောက်အတူ ညစာစားရင်းပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ မိုးယုစံတို့မိသားစု အေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်သာယာနေတဲ့ မိုးယုတစ်ယောက် မိသားစုနဲ့အတူ ညစားစားခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ လိမ္မော်ရောင်ဝတ်စုံလေးနဲ့ လှချင်းတိုင်းလှနေတဲ့မိုးယုတစ်ယောက် သားလေးမွေးပြီးမှပဲ အပျိုတုန်းက ထက်တောင် ပိုပြီးကြည့်ကောင်းနေခဲ့ပါတယ်။ နှင်းဆီအဖွဲ့မှာလည်း အငြိမ့်မင်းသမီးလေးအဖြစ် ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေ လည်း အပြည့်အဝရရှိနေဆဲပါပဲ။ မိခင်တာဝန်ကျေပွန်စွာနဲ့ သားလေးကိုလည်း မျက်စိအောက် က အပျောက်မခံဘဲစောင့်ရှောက်တတ်သူတစ်ယောက်ပါ။ ဒီချစ်စရာ သားလေးကြောင့်ပဲ ပျော်စရာအိမ်ထောင်ရေးလေးဟာ ပိုပြီးစိုပြေလာခဲ့ပါတယ်။ပျော်စရာပုံရိပ်လေးတွေကို ” မိသားစု ခုလို အပြင်သွားပီး အပန်းဖြေ စားသောက်ရတာ ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ ” ဆိုပြီး မေမေမိုးယုကဝေမျှခဲ့ပါတယ်။ တစ်သားမွေးတစ်သွေးလှနေတဲ့ မေမေနဲ့ ယောကျာ်းပီသတဲ့အပြုံးတွေကိုပိုင်ဆိုင်ထားတဲ့ဖေဖေ ချစ်စရာသားလေးတို့ရဲ့ အပြစ်ကင်းစင်မှုလေးတွေကတော့ တကယ့်ကိုကြည်နူးစရာပါပဲ။
Happy – Cele Zone
Photo – Moe Yu San
Zawgyi code
Photo – Moe Yu San