သူမကိုယ်တိုင်မွေးဖွားပေးထားတဲ့ မွေးကင်းစကလေးလေးကိုကြည့်ပြီး လက်ကမချနိုင်အောင် ချစ်မဝနိုင်ဖြစ်နေတဲ့ ပိုးမမှီသာ

Posted on

သူမကိုယ်တိုင်မွေးဖွားပေးထားတဲ့ မွေးကင်းစကလေးလေးကိုကြည့်ပြီး လက်ကမချနိုင်အောင် ချစ်မဝနိုင်ဖြစ်နေတဲ့ ပိုးမမှီသာမျက်နှာရှင်းရှင်းလေးနဲ့ ကြည်လင်စွာလှတဲ့ မင်းသမီးချောလေး ပိုးမမှီသာကို လူကြီး လူငယ်ပရိသတ်တိုင်း သိပြီးသား ဖြစ်မှာပါ။ ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားပေမယ့် ဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ပိုးမမှီသာကတော့ ဂျူတီကျရာဆေးရုံမှာ တာဝန်တွေကို နေ့ရော ညပါ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ဟောက်ဆာဂျင်ဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ပိုးမမှီသာက ဒီနေ့မှာတော့ သူမကိုယ်တိုင် ပါဝင်ကူညီပြီး မွေးပေးခဲ့ရတဲ့ မွေးကင်းစကလေးလေးနဲ့ ပုံကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးထားပါတယ်။ ပိုးမမှီသာက ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးကို သူမရဲ့လက်ပေါ်တင်ပြီး ချစ်လို့မဝနိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ပိုးမမှီသာကတော့ သွားဖွားမီးယပ်အထူးကုဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်သွားမှာဖြစ်ပြီး သူမဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးမမှီသာရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်အားပေးကြပါဦးလို့ တောင်းဆိုပါရစေနော်။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections

Zawgyi code

သူမကိုယ္တိုင္ေမြးဖြားေပးထားတဲ့ ေမြးကင္းစကေလးေလးကိုၾကည့္ၿပီး လက္ကမခ်ႏိုင္ေအာင္ ခ်စ္မဝႏိုင္ျဖစ္ေနတဲ့ ပိုးမမွီသာမ်က္ႏွာရွင္းရွင္းေလးနဲ႔ ၾကည္လင္စြာလွတဲ့ မင္းသမီးေခ်ာေလး ပိုးမမွီသာကို လူႀကီး လူငယ္ပရိသတ္တိုင္း သိၿပီးသား ျဖစ္မွာပါ။ ပိုးမမွီသာက စိုင္းစိုင္းခမ္းလႈိင္ရဲ႕ ေျမေတာင္ေျမႇာက္ေပးမႈနဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး သူမရဲ႕ ပထမဦးဆုံး႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ “ပိေတာက္ကတဲ့ဂီတ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ေအာင္ျမင္မႈေတြ အႀကီးအက်ယ္ရရွိပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ အႏုပညာလုပ္ငန္းေတြ ရပ္ဆိုင္းထားေပမယ့္ ဆရာဝန္မေလးတစ္ေယာက္ျဖစ္တဲ့ ပိုးမမွီသာကေတာ့ ဂ်ဴတီက်ရာေဆး႐ုံမွာ တာဝန္ေတြကို ေန႔ေရာ ညပါ ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။ေဟာက္ဆာဂ်င္ဆရာဝန္မေလးတစ္ေယာက္ျဖစ္တဲ့ ပိုးမမွီသာက ဒီေန႔မွာေတာ့ သူမကိုယ္တိုင္ ပါဝင္ကူညီၿပီး ေမြးေပးခဲ့ရတဲ့ ေမြးကင္းစကေလးေလးနဲ႔ ပုံကို သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ မွ်ေဝေပးထားပါတယ္။ ပိုးမမွီသာက ခ်စ္စရာေကာင္းလြန္းတဲ့ ကေလးေလးကို သူမရဲ႕လက္ေပၚတင္ၿပီး ခ်စ္လို႔မဝႏိုင္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ပိုးမမွီသာကေတာ့ သြားဖြားမီးယပ္အထူးကုဆရာဝန္တစ္ေယာက္အျဖစ္ ရပ္တည္သြားမွာျဖစ္ၿပီး သူမဝါသနာပါတဲ့ အႏုပညာလုပ္ငန္းေတြကိုလည္း ဆက္လက္လုပ္ကိုင္သြားမွာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပိုးမမွီသာရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ဆက္လက္ေစာင့္ၾကည့္အားေပးၾကပါဦးလို႔ ေတာင္းဆိုပါရေစေနာ္။Source: Poe Mamhe Thar’s fb
Bilie – Cele Connections