နေထိုင်တဲ့အိမ်တစ်အိမ် ကြီးလာတာနဲ့အမျှ မိသားစုတွေကဝေးသွားတတ်ကြတဲ့အကြောင်း ပြောလာတဲ့ နန္ဒာလှိုင်

Posted on

နေထိုင်တဲ့အိမ်တစ်အိမ် ကြီးလာတာနဲ့အမျှ မိသားစုတွေကဝေးသွားတတ်ကြတဲ့အကြောင်း ပြောလာတဲ့ နန္ဒာလှိုင်မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ အလှပေါင်းစု စုပြုံပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်က တစ်ခေတ်တစ်ခါကတော့ အနုပညာလောကမှာ ပြိုင်ဖက်ကင်း ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားပြီဖြစ်ပြီး သူမရဲ့ မိသားစုလေးကိုသာ သာယာအေးချမ်းအောင် တည်ဆောက်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်က ဒီနေ့မှာတော့ သူမနားလည်ခံယူထားတဲ့ အိမ်တစ်အိမ်ရဲ့ တန်ဖိုးကို ပြောပြလာပါတယ်။“အိမ်.. ကျွန်မအတွက်တော့အိမ်ဆိုတာနွေးထွေးရမယ် နေချင်စဖွယ်လေးရှိရမယ် ကိုယ့်ရဲ့စိတ်ကိုလုံခြုံမှုအပြည့်ပေးရမယ်အေးစက်စက်ကြီးဆိုမကြိုက်ဘူး။ အိမ်ကကြီးလာတာနဲ့အမျှလူတွေကဝေးသွားကြတယ်။ အခန်းတွေများလာတာနဲ့အမျှ လူတွေကပျောက်နေတယ်။ ကိုယ့်အခန်းထဲမှာကိုယ်နေကြပြီး တွေ့ကြဖို့ခက်ခဲလာတယ်။ အဲလိုမဖြစ်ဖို့ကြိုးစားရမယ်” ဆိုပြီး သူမရဲ့ ခံယူချက်ကို ပြောပြထားပါတယ်။နန္ဒာလှိုင်ကတော့ အိမ်ထောင်ရှင်မတစ်ယောက်ပီပီ သူမရဲ့ မိသားစုလေးကို နွေးထွေးလုံခြုံမှုအပြည့်ပေးနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: Nandar Hlaing’s fb
Bilie – Cele Connections

Zawgyi code
