ဇူလိုင်လအစမှာတင် ကံကောင်းစွာနဲ့ ထီဆုကြီးဆွတ်ခူးနိုင်ခဲ့တဲ့ မြနှင်းရည်လွင်

Posted on

ဇူလိုင်လအစမှာတင် ကံကောင်းစွာနဲ့ ထီဆုကြီးဆွတ်ခူးနိုင်ခဲ့တဲ့ မြနှင်းရည်လွင်ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ကျော်ကြားလာတဲ့ မင်းသမီးချော မြနှင်းရည်လွင်ကို လူကြီး၊ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြနှင်းရည်လွင်က “ငွေစက္ကူ (၇) ရွက်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေအများအပြား ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြနှင်းရည်လွင်က လက်ရှိမှာလည်း သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ဒီနေ့မှာတော့ မြနှင်းရည်လွင်က ဇူလိုင်လရဲ့အစမှာတင် ကံကောင်းခဲ့တာကို တွေ့ရပါတယ်။ မြနှင်းရည်လွင်က (၁၇) ကြိမ်မြောက် အောင်ဘာလေထီဆုကြီးမှာ ကျပ် (၅) သောင်းဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။မြနှင်းရည်လွင်ကတော့ လက်ရှိမှာ သူမရဲ့အိမ်ထောင်နဲ့ ကွာရှင်းလိုက်ပြီဖြစ်ပြီး တစ်ယောက်တည်း ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Mya Hnin Yee Lwin’s fb
Bilie – Cele Connections

Zawgyi code
