နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစို
Posted on
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးနာမည်ကြီး ဒီဇိုင်နာမျိုးမင်စိုးကတော့ အနုပညာအသိုင်းအဝိုင်းနဲ့ မစိမ်းသူတစ်ယောက်ဖြစ်တာမို့ ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ဒီဇိုင်နာမျိုးမင်းစိုးက ပြီးခဲ့တဲ့လအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ mask ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့ ကြာချည် Mask နဲ့ ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း ဝမ်းသာစွာနဲ့ မျှဝေထားပါတယ်။ဒီဇိုင်နာမျိုးမင်းစိုးက “🔴ဝမ်းသာပီတိဖြစ်ရသောအမှတ်တရနေ့🔴 နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးအပ်ချီးမြင့်သော ပြည်သူအနှစ်သက်ဆုံးဒုတိယဆု(maskဆု) ဆုလက်ဝယ်ရရှိသောနေ့တစ်နေ့၊ ကျန်တော့်ဘဝရဲ့အထင်ကရမှတ်တိုင်များထဲမှနေ့လေးတစ်နေ့” ဆိုပြီး ပီတိတွေနဲ့ မျှဝေထားတာပဲ ဖြစ်ပါတယ်။ဒီဇိုင်နာမျိုးမင်းစိုးကတော့ တစ်နိုင်ငံလုံးမှာ ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။
Source: Myo Minn Soe’s fb
Bilie – Cele Connections
Zawgyi code