ပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ပုံရိပ်လေးတွေကို Videoလေးလုပ်ကာ ထုတ်ပြလိုက်တဲ့ စိုးမြတ်သူဇာ

Posted on

ပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ပုံရိပ်လေးတွေကို Videoလေးလုပ်ကာ ထုတ်ပြလိုက်တဲ့ စိုးမြတ်သူဇာပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် အိုက်တင်တွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးချော စိုးမြတ်သူဇာပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေ များစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာနဲ့ ယနေ့ချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားတဲ့ မင်းသမီးကြီးတစ်လက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမရဲ့ အလှတွေဟာလည်း ကျက်သရေရှိလွန်းတာကြောင့် အားလုံးက ချစ်မ၀ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင် အိုက်တင်တွေကိုလည်း လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပြီး ကာရိုက်တာမျိုးစုံကို ဟာကွက် မရှိအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ရောဂါပိုးမွှားတွေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရပြီး အိမ်မှာဘဲနေနေရတာကြောင့် အလုပ်တွေ ဆက်တိုက်ပြန်လုပ်ချင်နေပြီလို့လည်း မကြာသေးခင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း ညီမတွေနဲ့ စုပေါင်းဖွင့်ထားတဲ့ မင်းသမီး ပိုးထည်ဆိုင်ကို သွားရောက်ပြီး ဈေးရောင်းပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ မိခင်ဖြစ်သူ အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သမီးကြီးရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်များစွာက ပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ပုံရိပ်လေးတွေကို Videoလေးလုပ်ကာ ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ မကြီးစိုးဟာ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း သူမရဲ့ မျက်နှာလေးက အရင်လို နုဖတ်ကာ လှပနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။

Source and Photo Crd – Soe Kyi Phyu’s Facebook Account and Soe Myat Thuzar’s Facebook Page

Zawgyi code

ပထမဆုံးအကယ္ဒမီရရွိခဲ့တဲ့ပုံရိပ္ေလးေတြကို Videoေလးလုပ္ကာ ထုတ္ျပလိုက္တဲ့ စိုးျမတ္သူဇာပီျပင္ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္ အိုက္တင္ေတြေၾကာင့္ အကယ္ဒမီထူးခြၽန္ဆုေတြ ရရွိထားသူကေတာ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ စိုးျမတ္သူဇာပဲ ျဖစ္ပါတယ္။ သူမဟာ ဆယ္စုႏွစ္ေတြ မ်ားစြာတိုင္ေအာင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ မ်ားစြာနဲ႔ ယေန႔ခ်ိန္ထိလည္း ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ ရရွိထားတဲ့ မင္းသမီးႀကီးတစ္လက္ဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။ သူမရဲ႕ အလွေတြဟာလည္း က်က္သေရရွိလြန္းတာေၾကာင့္ အားလုံးက ခ်စ္မ၀ ျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္။သူမရဲ႕ သ႐ုပ္ေဆာင္ အိုက္တင္ေတြကိုလည္း လူႀကီး လူငယ္မေ႐ြး ႀကိဳက္ႏွစ္သက္ၾကတာပဲ ျဖစ္ၿပီး ကာ႐ိုက္တာမ်ိဳးစုံကို ဟာကြက္ မရွိေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးတစ္လက္လည္း ျဖစ္ပါတယ္။ လတ္တေလာ ျဖစ္ပြားေနတဲ့ ေရာဂါပိုးမႊားေတြေၾကာင့္ အႏုပညာအလုပ္ေတြကို ရပ္နားထားရၿပီး အိမ္မွာဘဲေနေနရတာေၾကာင့္ အလုပ္ေတြ ဆက္တိုက္ျပန္လုပ္ခ်င္ေနၿပီလို႔လည္း မၾကာေသးခင္က သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားတာပဲ ျဖစ္ပါတယ္။ မၾကာခဏဆိုသလိုလည္း ညီမေတြနဲ႔ စုေပါင္းဖြင့္ထားတဲ့ မင္းသမီး ပိုးထည္ဆိုင္ကို သြားေရာက္ၿပီး ေဈးေရာင္းေပးေလ့ ရွိတာလည္း ျဖစ္ပါတယ္။အခုမွာလည္း သူမရဲ႕ မိခင္ျဖစ္သူ အန္တီစိုးၾကည္ျဖဴရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ဗီဒီယိုေလး တစ္ခု တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ သမီးႀကီးရဲ႕ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္မ်ားစြာက ပထမဆုံးအကယ္ဒမီရရွိခဲ့တဲ့ပုံရိပ္ေလးေတြကို Videoေလးလုပ္ကာ ထုတ္ျပလိုက္တာပဲ ျဖစ္ပါတယ္။ မႀကီးစိုးဟာ ႏွစ္ေတြ ဘယ္ေလာက္ေျပာင္းေျပာင္း သူမရဲ႕ မ်က္ႏွာေလးက အရင္လို ႏုဖတ္ကာ လွပေနဆဲပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ၾကည့္ရႈခံစားႏိုင္ေအာင္ ဒီဗီဒီယိုေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပး လိုက္ရပါတယ္ေနာ္။

Source and Photo Crd – Soe Kyi Phyu’s Facebook Account and Soe Myat Thuzar’s Facebook Page