လိုင်းပေါ်မှာတော့ကျနော်ပေါက်တယ်လို့ ပြောနေကြတာပေါ့၊တကယ်ကကျနော့်ဆိုင်ကထွက်တာပါ ” လို့ ပြောလာတဲ့ ဦးစိုးဝင်း

Posted on

လိုင်းပေါ်မှာတော့ကျနော်ပေါက်တယ်လို့ ပြောနေကြတာပေါ့၊တကယ်ကကျနော့်ဆိုင်ကထွက်တာပါ ” လို့ ပြောလာတဲ့ ဦးစိုးဝင်း(၁၇)ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အထူးဆုကြီးစနစ်မှ အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းခွဲဆုကို မုံရွာ အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းမှထွက်ရှိ……….ယနေ့ ၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လ ၁ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ (၁၇)ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်အလိုက် “ကစ”ထိ စုစုပေါင်းအက္ခရာ ၃၉လုံးရောင်းချခဲ့ရာအထူးဆုကြီးစနစ်မှအမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကို မုံရွာမြို့၊အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းမှထွက်ရှိခဲ့ပါတယ်။အခုထွက်ရှိတဲ့ ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းကတော့(၁၁)ကြိမ်မြောက်တုန်းက ကျပ်သိန်းတစ်သောင်းဆုကို ကံထူးနိုင်ခဲ့သူဖြစ်ကာ အခုအကြိမ်မှာတော့ သူဖွင့်လှစ်ထားတဲ့ အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းကနေ ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင်ကို ကံထူးပေးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ဦးစိုးဝင်းကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့” လိုင်းပေါ်မှာတော့ကျနော်ပေါက်တယ်လို့ ပြောနေကြတာပေါ့၊တကယ်ကကျနော့်ဆိုင်ကထွက်တာပါ၊ကျနော်လည်းပဲ ၉၂ နဲ့ ၉၅ ပဲလွဲသွားတာ၊၉၂ ဆိုရင်တော့ ကျနော်နောက်တစ်ကြိမ်ထပ်ကံထူးမှာပေါ့နော်၊အခုကတော့ကျနော့်ဆိုင်ကပေါ့၊ပေါက်တဲ့ကံထူးရှင်ကို ဆက်သွယ်နေတုန်းပါ၊ချင်းတွင်းမြစ်အထက်ပိုင်းလေးကလို့လတ်တလောစုံစမ်းလို့ရတယ်၊အဆက်အသွယ်တော့မရသေးဘူး၊ရတော့ရတော့မှာပါ၊ ကနီနားလေးလောက်ပေါ့ ၊ဟိုးအထက်ပိုင်းထိလည်းမဟုတ်ဘူး၊ကျနော့်တပည့်တွေစုံစမ်းလို့ရကာနီးပြီပြောပါတယ်၊ရရင်အတိအကျ ပြန်ပြီးဖြေကြားပေးပါ့မယ်” လို့ ပြောပြလာပါတယ်။

(၁၇)ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေသိန်းဆုပွဲအတွက် ရောင်းချခဲ့သည့်အက္ခရာ ၃၉ လုံး၊ထီစာအုပ်ပေါင်း ၃၁၉၀၉၀၂အုပ်နဲ့ ထီအစောင်ရေ၃၅၀၉၉၉၂၂စောင်ကိုရောင်းချခဲ့တာဖြစ်ပြီး ထိုအထဲကမှ ” ည ၈၅၃၀၉၅ ” လက်မှတ်အနေနဲ့ကျပ်သိန်းတစ်သောင်းခွဲဆုကိုကံထူးထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။

သတင်းပေးပို့သူ – စည်သူအောင်(မုံရွာ)