လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ချစ်သူငယ်ချင်း မေသန်းနု ထောင်ကလွတ်လာတဲ့ သတင်းကြောင့် ဝမ်းသာနေတဲ့ ရန်အောင်

Posted on

လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ချစ်သူငယ်ချင်း မေသန်းနု ထောင်ကလွတ်လာတဲ့ သတင်းကြောင့် ဝမ်းသာနေတဲ့ ရန်အောင်နာမည်ကျော်ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ ရန်အောင်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ရန်အောင်ကတော့ ဗီဒီယိုခေတ်ကတည်းက ကျရာကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပါပဲဖြစ်ပါတယ်။ရန်အောင်ကတော့ရိုက်ကူးရေးတွေ ခေတ္တခနရပ်နားထားပေမယ့်လည်း ကိုဗစ်ကာလအတွင်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေးတွေကို လှူဒါန်းပေးလေ့ရှိပါတယ်။ သူရဲ့ လှူဒါန်းမှုမှတ်တမ်းပုံရိပ်လေးတွေနဲ့ အမှတ်တရဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာမျှဝေပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ရန်အောင်က“ဒီသတင်းအမှန်ပေါ့နော်”ဘဝရဲ့ပျော်စရာအကောင်းဆုံးနေ့တွေထဲမှာဒီသတင်းမျိုးကြားရတဲ့နေ့လည်းအပါအဝင်ဘဲချစ်ရတဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်”မဆင့်”ရေထာဝရကြိုဆိုလျှက်ပါဗျာ..မိသားစုနဲ့ထပ်တူထပ်မျှအလွန်ဝမ်းသာပီတိဖြစ်ရကြောင်းပါ”လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေသန်းန လွှတ်လာတာမို့သူ့ရဲ့ ပျော်ရွှင်စရာအကောင်းဆုံးနေ့တွေထဲမှာ ဒီသတင်းက ပျော်ရွှင်ရဆုံးဖြစ်တဲ့အကြောင်းကိုပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ရန်အောင်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Zawgyi code
