အဟောင်းကနေ အသစ်အဖြစ်လှပဆန်းသစ်စွာပြုပြင်ထားတဲ့ သူနဲ့ ဝိုင်းစုခိုင်သိန်းတို့နှစ်ယောက်ရဲ့ အိမ်ကြီးကို ပြသလာတဲ့ အောင်လ

Posted on

အဟောင်းကနေ အသစ်အဖြစ်လှပဆန်းသစ်စွာပြုပြင်ထားတဲ့ သူနဲ့ ဝိုင်းစုခိုင်သိန်းတို့နှစ်ယောက်ရဲ့ အိမ်ကြီးကို ပြသလာတဲ့ အောင်လအဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းကတော့ ဂီတလောကမှာ အောင်မြင်မှုတွေကိုယ်စီရရှိပိုင်ဆိုင်နေလျက်ရှိသူတွေ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သူတို့ရဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မှာဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က အခုဆိုရင် သူတို့နှစ်ယောက်နေထိုင်မယ့် အိမ်လေးကို တဖြည်းဖြည်းချင်းစီ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း အောင်လက သူစိတ်တိုင်းကျပြုပြင်ထားတဲ့ အိမ်အသစ်ကြီးကို ချပြလာပါတယ်။ အောင်လက အရင်အိမ်အဟောင်းကနေ အိမ်အသစ်တစ်လုံးဖြစ်အောင် အတွင်းရော၊ အပြင်ပါ ပြုပြင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ကြီးကို ပရိသတ်ကြီးဆီကို အခုလိုပဲ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။အောင်လနဲ့ ဝိုင်းစုတို့နှစ်ယောက် နေထိုင်တဲ့ အိမ်ကြီးကတော့ လုံးဝအသစ်တစ်လုံးနီးပါးကို လှပသွားတာပဲနော်။ အောင်လနဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ယောက်လည်း အမြန်ဆုံး ရွှေလက်တွဲနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Reodineius Aung La’s fb
Bilie – Cele Connections

Zawgyi code
