Covid ကြီးကြောင့် အနေဝေးနေရတဲ့ အချစ်ဆုံးမောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နန်းဆုရတီစိုး

Posted on

Covid ကြီးကြောင့် အနေဝေးနေရတဲ့ အချစ်ဆုံးမောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နန်းဆုရတီစိုးသရုပ်ဆောင်နဲ့ အဆိုတော် နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုစာ အောင်မြင်စွာ ရပ်တည်နေနိုင်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရင်း တစ်ကိုယ်တည်း Single တစ်ယောက်အဖြစ် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန်းဆုရတီစိုးက သူမရဲ့ တစ်ဦးတည်းသောမောင်လေးရဲ့ မွေးနေ့အတွက် သူမတို့မောင်နှမနှစ်ယောက်ရဲ့ ပုံလေးတွေနဲ့တကွ မွေးနေ့ဆုတောင်းပေးထားပါတယ်။နန်းဆုရတီစိုးက “အချစ်ဆုံး မောင်လေး မွေးနေ့မှာပျော်ရွှင်ပါစေ ကျန်းမာဘေးကင်းပါစေ.. ကိုယ့်အမကို ဒီထက်မက ပိုပိုပြီးချစ်နိုင်ပါစေ 😬🥰🥰🥰 အရင်ကဆို တစ်နှစ်တစ်ခါ ဆုံနေကြ.. အခုတော့ covid ကြောင့် သူလည်းပြန်မလာဖြစ် နန်းဆုလည်းသွားလို့မရတော့ အရမ်းလွမ်းနေပါပြီ အရင်ကလို ခရီးတွေတူတူထွက် မုန့်တွေစားပြီး အမှတ်တရတွေဖန်တီးချင်နေပါပြီ.. လွမ်းလို့ အမှတ်တရပုံလေးတွေ အများကြီး စုတင်လိုက်တယ်🥰 Happy Birthday my lovely Mg lay 🎉🎊❤️” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။နန်းဆုရတီစိုးကတော့ သူမရဲ့မောင်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးဖူးတာမို့ ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။ နန်းဆုတို့ မောင်နှမနှစ်ယောက်လည်း မကြာခင်အချိန်အတွင်း အမြန်ဆုံး ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nansu Yati Soe’s fb
Bilie – Cele Connections

Zawgyi code

Covid ႀကီးေၾကာင့္ အေနေဝးေနရတဲ့ အခ်စ္ဆုံးေမာင္ေလးအတြက္ ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ နန္းဆုရတီစိုးသ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ နန္းဆုရတီစိုးကေတာ့ အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္စုစာ ေအာင္ျမင္စြာ ရပ္တည္ေနႏိုင္သူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ နန္းဆုရတီစိုးက လက္ရွိမွာလည္း ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနရင္း တစ္ကိုယ္တည္း Single တစ္ေယာက္အျဖစ္ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ နန္းဆုရတီစိုးက သူမရဲ႕ တစ္ဦးတည္းေသာေမာင္ေလးရဲ႕ ေမြးေန႔အတြက္ သူမတို႔ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ပုံေလးေတြနဲ႔တကြ ေမြးေန႔ဆုေတာင္းေပးထားပါတယ္။နန္းဆုရတီစိုးက “အခ်စ္ဆုံး ေမာင္ေလး ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစ က်န္းမာေဘးကင္းပါေစ.. ကိုယ့္အမကို ဒီထက္မက ပိုပိုၿပီးခ်စ္ႏိုင္ပါေစ 😬🥰🥰🥰 အရင္ကဆို တစ္ႏွစ္တစ္ခါ ဆုံေနၾက.. အခုေတာ့ covid ေၾကာင့္ သူလည္းျပန္မလာျဖစ္ နန္းဆုလည္းသြားလို႔မရေတာ့ အရမ္းလြမ္းေနပါၿပီ အရင္ကလို ခရီးေတြတူတူထြက္ မုန႔္ေတြစားၿပီး အမွတ္တရေတြဖန္တီးခ်င္ေနပါၿပီ.. လြမ္းလို႔ အမွတ္တရပုံေလးေတြ အမ်ားႀကီး စုတင္လိုက္တယ္🥰 Happy Birthday my lovely Mg lay 🎉🎊❤️” ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးထားပါတယ္။နန္းဆုရတီစိုးကေတာ့ သူမရဲ႕ေမာင္ေလးကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးဖူးတာမို႔ ပရိသတ္ႀကီး သိၿပီးသားျဖစ္မွာပါ။ နန္းဆုတို႔ ေမာင္ႏွမႏွစ္ေယာက္လည္း မၾကာခင္အခ်ိန္အတြင္း အျမန္ဆုံး ဆုံစည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။Source: Nansu Yati Soe’s fb
Bilie – Cele Connections