မောင်လေးတစ်ယောက်လို ချစ်ခင်ရင်းနှီးရတဲ့ မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

Posted on

မောင်လေးတစ်ယောက်လို ချစ်ခင်ရင်းနှီးရတဲ့ မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အက်စတာဒေါ့သ်ချင်းဆုန်Myanmar Idol Season (4) ရဲ့ Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲကြီးပြီးသားချိန်မှာ နိုင်ငံကျော် အဆိုတော်တစ်ယောက်အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်က လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး သူမရဲ့ ပထမဦးဆုံး အယ်လ်ဘမ်အတွက် ကြိုးပန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အက်စတာဒေါ့သ်ချင်းဆုန်က သူမနဲ့ အလုပ်တွေအတူတူ လုပ်ခဲ့ဖူးတဲ့ မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။အက်စတာဒေါ့သ်ချင်းဆုန်က “Happy Bless Birthday မိဘကို ပျော်ရွှ်မှုအမြဲပေးနေတဲ့ သားလေးဖြစ်ပါစေရှင်။ ဘဝကို ပျော်ရွှင်မှုတွေနဲ့ပဲ ဖြတ်သန်းနိုင်ပါစေ။ Wish You All The Best Bro” ဆိုပြီး မွေးနေ့ရှင် မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။အက်စတာကတော့ “တိမ်တွေပေါ်ကပန်း” စင်္ကာပူ Press Show ကို သွားရောက်ဖူးသူတစ်ယောက်ဖြစ်တာကြောင့် မင်းသန့်မောင်မောင်နဲ့ ရင်းနှီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source: Esther Dawt Chin Sung’s fb
Bilie – Cele Connections

Zawgyi code
