မွေးနေ့မှာ မိခင်နဲ့အတူတူရှိခွင့်ရခဲ့တာကြောင့် အပျော်လွန်နေတဲ့ မင်းသန့်မောင်မောင်ကိုကြည့်ပြီး သဘောကျပီတိဖြစ်နေတဲ့ စင်ရော်မောင်မောင်
Posted on
မွေးနေ့မှာ မိခင်နဲ့အတူတူရှိခွင့်ရခဲ့တာကြောင့် အပျော်လွန်နေတဲ့ မင်းသန့်မောင်မောင်ကိုကြည့်ပြီး သဘောကျပီတိဖြစ်နေတဲ့ စင်ရော်မောင်မောင်သရုပ်ဆောင် မေသန်းနုကတော့ သူမရဲ့အတိတ်ဘဝက ဝဋ်ကြွေးတွေကြောင့် မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ မေသန်းနုကတော့ သူမရဲ့ အပြစ်တွေအားလုံးကို ပေးဆပ်ခဲ့ပြီး အခုဆိုရင် သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူတူ အေးချမ်းတဲ့ဘဝအသစ်ကို တည်ဆောက်တော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့ကတော့ မင်းသန့်မောင်မောင်ရဲ့ မွေးနေ့လေးဖြစ်ပြီး ဖခင်စင်ရော်မောင်မောင်နဲ့ မိခင်မေသန်းနုတို့က သားဖြစ်သူအတွက် မွေးနေ့အလှူလေး ပြုလုပ်ခဲ့ပါတယ်။မင်းသန့်မောင်မောင်ကတော့ သူ့ရဲ့မွေးနေ့အမှီ အိမ်ပြန်ရောက်လာတဲ့ မိခင်ကြောင့် တော်တော်လေး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ မင်းသန့်မောင်မောင်က မွေးနေ့အလှူအပြီး မိခင်ကို ချီမထားအပျော်လွန်နေတဲ့ဓာတ်ပုံကို စင်ရော်မောင်မောင်က အမိအရမှတ်တမ်းတင်ပြီး “အမေတော်တော်ချစ်တဲ့ ကျွန်တော်သား” ဆိုပြီး ပီတိတွေနဲ့ ပြောထားပါတယ်။စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က မင်းသန့်မောင်မောင် ငယ်စဉ်ကတည်းက တရားဝင်ကွာရှင်းခဲ့ကြတယ်ဆိုပေမယ့် သားဖြစ်သူနဲ့ပက်သတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို ဆက်ဆံနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပျော်လွန်နေတဲ့ မင်းသန့်မောင်မောင်လေးကိုကြည့်ပြီး ဝမ်းသာနေမယ် ထင်ပါတယ်နော်။
Source: Zin Yaw Mg Mg’s fb
Bilie – Cele Connections
Zawgyi code