ရှင်သန်လာတဲ့ (၂၃)နှစ်လုံးလုံး ဒီနေ့လောက် ဘယ်တုန်းကမှ ကံကောင်းပြီး မပျော်ရွှင်ဖူးဘူးလို့ ရင်ဖွင့်လာတဲ့ မင်းသန့်မောင်မောင်

Posted on

ရှင်သန်လာတဲ့ (၂၃)နှစ်လုံးလုံး ဒီနေ့လောက် ဘယ်တုန်းကမှ ကံကောင်းပြီး မပျော်ရွှင်ဖူးဘူးလို့ ရင်ဖွင့်လာတဲ့ မင်းသန့်မောင်မောင်ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်ရဲ့ အသက် (၂၃)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က သူ့ရဲ့မွေးနေ့လေးကို မဟာဗောဓိပရိယတ္တိစာသင်တိုက်-ရန်ကင်းမှာ သံဃာတွေတွေကို ဆွမ်းကပ်ပြီး အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ မင်းသန့်မောင်မောင်ကလည်း သူ့ရဲ့မွေးနေ့လေးမှာ မိဘနှစ်ပါးလုံး စုံစုံလင်လင်ရှိနေခဲ့တာကြောင့် ဝမ်းသာနေတာကို တွေ့ရပါတယ်။မင်းသန့်မောင်မောင်က ” ဒီနေ့လောက် ပျော်စရာကောင်းပြီး ကံကောင်းတဲ့နေ့ကို မခံစားဖူးဘူး။ ကျွန်တော့အတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အဲ့ဒီမွေးနေ့ဆုတောင်းတွေက ကျွန်တော့ကို ပျော်ရွှင်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်ကလည်း အားလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တာရယ်ကင်းရှင်းကြပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး သူ့ရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။မင်းသန့်မောင်မောင်ကတော့ သူ့ရဲ့မွေးနေ့အမှီ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မိခင်ကြောင့် အပျော်ရွှင်ရဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source: Min Thant Mg Mg’s fb
Bilie – Cele Connections

Zawgyi code

ရွင္သန္လာတဲ့ (၂၃)ႏွစ္လုံးလုံး ဒီေန႔ေလာက္ ဘယ္တုန္းကမွ ကံေကာင္းၿပီး မေပ်ာ္႐ႊင္ဖူးဘူးလို႔ ရင္ဖြင့္လာတဲ့ မင္းသန္႔ေမာင္ေမာင္ဒီကေန႔ ဇူလိုင္လ (၃) ရက္ေန႔ကေတာ့ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ သ႐ုပ္ေဆာင္ ေမသန္းႏုတို႔ရဲ႕ တစ္ဦးတည္းေသာသားေလး မင္းသန္႔ေမာင္ေမာင္ရဲ႕ အသက္ (၂၃)ႏွစ္ျပည့္ ေမြးေန႔ပဲ ျဖစ္ပါတယ္။ မင္းသန္႔ေမာင္ေမာင္က သူ႔ရဲ႕ေမြးေန႔ေလးကို မဟာေဗာဓိပရိယတၱိစာသင္တိုက္-ရန္ကင္းမွာ သံဃာေတြေတြကို ဆြမ္းကပ္ၿပီး အလႉေလးတစ္ခုျပဳလုပ္ခဲ့ပါတယ္။ မင္းသန္႔ေမာင္ေမာင္ကလည္း သူ႔ရဲ႕ေမြးေန႔ေလးမွာ မိဘႏွစ္ပါးလုံး စုံစုံလင္လင္ရွိေနခဲ့တာေၾကာင့္ ဝမ္းသာေနတာကို ေတြ႕ရပါတယ္။မင္းသန္႔ေမာင္ေမာင္က ” ဒီေန႔ေလာက္ ေပ်ာ္စရာေကာင္းၿပီး ကံေကာင္းတဲ့ေန႔ကို မခံစားဖူးဘူး။ ကြၽန္ေတာ့အတြက္ ေမြးေန႔ဆုေတာင္းေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။ အဲ့ဒီေမြးေန႔ဆုေတာင္းေတြက ကြၽန္ေတာ့ကို ေပ်ာ္႐ႊင္မႈနဲ႔ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ေတြကို ျဖစ္ေပၚေစပါတယ္။ ကြၽန္ေတာ္ကလည္း အားလုံး က်န္းမာခ်မ္းသာၿပီး ေဘးအႏၲာရယ္ကင္းရွင္းၾကပါေစလို႔ ျပန္ဆုေတာင္းေပးလိုက္ပါတယ္” ဆိုၿပီး သူ႔ရဲ႕ ေ့ဖစ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝထားပါတယ္။မင္းသန္႔ေမာင္ေမာင္ကေတာ့ သူ႔ရဲ႕ေမြးေန႔အမွီ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတဲ့ မိခင္ေၾကာင့္ အေပ်ာ္႐ႊင္ရဆုံး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း မင္းသန္႔ေမာင္ေမာင္အတြက္ ေမြးေန႔ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။Source: Min Thant Mg Mg’s fb
Bilie – Cele Connections