အရမ်းချစ်ရတဲ့ သားလေးမင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တစ်ဝကြီးတောင်းခြွေပေးလိုက်တဲ့ မေသန်းနု

Posted on

အရမ်းချစ်ရတဲ့ သားလေးမင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တစ်ဝကြီးတောင်းခြွေပေးလိုက်တဲ့ မေသန်းနုသရုပ်ဆောင် မင်းသမီးချော မေသန်းနုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့မှာပဲ ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အချုပ်အနှောင်ကနေ ကင်းလွတ်ခဲ့ပြီဖြစ်တဲ့ မေသန်းနုအတွက် မိသားစုဝင်တွေအားလုံးနဲ့ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်နေရတာ ဖြစ်ပါတယ်။ ထို့အတူ မေသန်းနုရဲ့သားလေးက မင်းသန့်မောင်မောင်ကလည်း မိခင်ဖြစ်သူအတွက် ဝမ်းသာမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မေသန်းနုနဲ့ သားလေးမင်းသန့်မောင်မောင်တို့ကတော့ တစ်ယောက်အပေါ် တစ်ယောက် ကြင်နာယုယတဲ့မေတ္တာတွေနဲ့ အရမ်းချစ်ကြတဲ့ သားအမိတွေပဲ ဖြစ်ကြပါတယ်။ ပျော်ရွှင်စရာအချိန်လေးတွေကို ပြန်လည်ရရှိနေပြီဖြစ်တဲ့ မေသန်းနုတို့သားအမိကတော့ အရမ်းကိုကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေသန်းနုက သူမချစ်ရတဲ့ တစ်ဦးတည်းသော သားလေးမင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ မေသန်းနုက ယနေ့ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ သားလေးမင်းသန့်မောင်မောင်ရဲ့မွေးနေ့အတွက် ” Happy Birthday သားသား ယနေ့ရက်မှစ သားသားစိတ်ချမ်းသာကျန်းမာပါစေ အောင်မြင်မှုများသားသားပိုင်ဆိုင်ပါစေ” ဆိုပြီး ဆုမွန်ကောင်းတောင်းခြွေပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ မေသန်းနုတို့သားအမိရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Photo Credit-Min Thant Mg Mg’s FB Acc

Zawgyi code
